Tuesday, June 30, 2020

ဂျပန်နိုင်ငံတွင် ထေရဝါဒ ဓမ္မစာရီ မြန်မာကျောင်းတိုက်၌တည်ဆောက်မည့် သိမ်တော်ကြီး နှင့် ရွှေတိဂုံစေတီတော်ပုံတော်တူတို့အတွက် သဒ္ဒါတတ်အားသ၍ ပါဝင်လှူဒါန်းနိုင်ပါရန် အသိပေးနှိုး ဆော်ခြင်း

ဂျပန်နိုင်ငံတွင် ထေရဝါဒဗုဒ္ဓသာသနာ ထွန်းကားစေရေးအတွက် ဂျပန်-မြန်မာ သာသနာပြု ဆရာတော် အရှင်ဉာဏုတ္တရ သီတင်းသုံး သာသနာပြုလျက်ရှိသည့် အိဘရခိခရိုင်၊ ဟိုခိုတမြို့၊ ထေရဝါဒဓမ္မစာရီ မြန်မာကျောင်းတိုက်နှင့် ဝိပသနာတရားရိပ်သာအတွင်း သာသနာ့ မြေပေါ်တွင် သာသနာ့ သိရိဓရသီမာသိမ်တော်ကြီးနှင့်၊ သိမ်တော်ကြီး၏အထက်တွင် ရွှေတိဂုံ စေတီတော်ပုံတော်တူကို တည်ထားကိုးကွယ်သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။
သာသနာ့ သိရိဓရသီမာ သိမ်တော်ကြီးနှင့် စေတီတော်မြတ်ကြီး တည်ဆောက်ရာတွင် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများနှင့် ဗုဒ္ဓဘာသာဝင်များအား သဒ္ဒါတတ်အားသ၍ ကုသိုလ် ပါဝင်နိုင်ရေးအတွက် နိဗ္ဗာန် အကျိုးမျှော်၍ နှိုးဆော်အသိပေးအပ်ပါသည်။
မြန်မာသံရုံး
တိုကျိုမြို့

0 comments:

Post a Comment