Tuesday, June 30, 2020

လာမည့် ရုံးချိန်းတွင် တရားဟောဆရာ ဒေးဗစ်လားအမှုစွဲချက်တင် / မတင် အမိန့်ချတော့မည်ဖြစ်

တရားစွဲဆိုခံနေရတဲ့ တရားဟောဆရာ ဒေးဗစ်လားနဲ့ ဦးဝေထွန်း တို့ နှစ်ဦးကို လာမယ့် ဇူလိုင်(၂) ရက်ရုံးချိန်းမှာ စွဲချက် တင်၊ မတင် အမိန့်ချမှာ ဖြစ်တယ်လို့ မရမ်းကုန်းမြို့နယ် တရားရုံး၊ သတင်းပြန်ကြားရေးအရာရှိ မြို့နယ်တရားသူကြီး ဦးမိုးဆွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ရုံးချိန်းကတော့ တရားလိုဘက်က တင်ပြထားတဲ့ သက်သေအားလုံးကို စစ်ဆေးပြီးစီးခဲ့ပြီ ဖြစ်ပါတယ်။ အမှုကတော့ COVID-19 ကာလအတွင်း နိုင်ငံတော်က ချမှတ်ခဲ့တဲ့ လမ်းညွှန်ချက်ကို ဖောက်ဖျက်ကာ ဘာသာရေးပွဲ ပြုလုပ်ခဲ့တယ်ဆိုပြီး တရားဟောဆရာ ဒေးဗစ်လားနဲ့ နဝရတ်တေးသံသွင်းက ဦးဝေထွန်းတို့ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ နဲ့ မရမ်းကုန်းမြို့နယ်တရားရုံးမှာ တရားစွဲဆိုခဲ့တာပါ။
ဒေးဗစ်လားနဲ့ ဦးဝေထွန်းတို့ကို တရားစွဲဆိုထားတဲ့ ပုဒ်မဟာ ပြစ်မှုထင်ရှားရင် သုံးနှစ်ထက် မပိုတဲ့ ထောင်ဒဏ်ချမှတ်နိုင်တဲ့အပြင် ငွေဒဏ်လည်း ချမှတ်နိုင်တယ်လို့ ဥပဒေမှာ ပြဌာန်းထားပါတယ်။
Source - One News Myanmar
>>zawgyi<<
လာမည့် ရုံးချိန်းတွင် တရားဟောဆရာ ဒေးဗစ်လားအမှုစွဲချက်တင် / မတင် အမိန့်ချတော့မည်ဖြစ်
Tuesday, June 30, 2020
တရားစွဲဆိုခံနေရတဲ့ တရားဟောဆရာ ဒေးဗစ်လား နဲ့ ဦးဝေထွန်းတို့ နှစ်ဦးကို လာမယ့် ဇူလိုင် (၂) ရက်ရုံးချိန်းမှာ စွဲချက် တင်၊ မတင် အမိန့်ချမှာ ဖြစ်တယ်လို့ မရမ်းကုန်းမြို့နယ် တရားရုံး၊ သတင်းပြန်ကြားရေးအရာရှိ မြို့နယ်တရားသူကြီး ဦးမိုးဆွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ရုံးချိန်းကတော့ တရားလိုဘက်က တင်ပြထားတဲ့ သက်သေအားလုံးကို စစ်ဆေးပြီးစီးခဲ့ပြီ ဖြစ်ပါတယ်။ အမှုကတော့ COVID-19 ကာလအတွင်း နိုင်ငံတော်က ချမှတ်ခဲ့တဲ့ လမ်းညွှန်ချက်ကို ဖောက်ဖျက်ကာ ဘာသာရေးပွဲ ပြုလုပ်ခဲ့တယ်ဆိုပြီး တရားဟောဆရာ ဒေးဗစ်လားနဲ့ နဝရတ်တေးသံသွင်းက ဦးဝေထွန်းတို့ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ နဲ့ မရမ်းကုန်းမြို့နယ်တရားရုံးမှာ တရားစွဲဆိုခဲ့တာပါ။
ဒေးဗစ်လားနဲ့ ဦးဝေထွန်းတို့ကို တရားစွဲဆိုထားတဲ့ ပုဒ်မဟာ ပြစ်မှုထင်ရှားရင် သုံးနှစ်ထက် မပိုတဲ့ ထောင်ဒဏ်ချမှတ်နိုင်တဲ့အပြင် ငွေဒဏ်လည်း ချမှတ်နိုင်တယ်လို့ ဥပဒေမှာ ပြဌာန်းထားပါတယ်။

Source - One News Myanmar

0 comments:

Post a Comment