Monday, June 29, 2020

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် Arguments and Facts သတင်းဌာနနှင့် ZVEZDA သတင်းဌာနတို့အား လက်ခံတွေ့ဆုံ၍ မေးမြန်းမှုများအား ဖြေကြား(အပိုင်း-၂)

ZVEZDA သတင်းဌာနနှင့်တွေ့ဆုံ
သတင်းဌာနမှမေး ။ ကျွန်တော့်အနေနဲ့ ဒီလိုမျိုး အဆွေတော် ဗိုလ်ချုပ်မှူးကြီးကို ရုရှားမြေ မှာ တွေ့မြင်ရတဲ့ အတွက် အရမ်းကိုဝမ်းသာ ပါတယ်။ အခုလိုမျိုး ကိုယ်တိုင်တွေ့ဆုံပြီး မေးမြန်းခွင့်ရတဲ့အတွက်လည်း အရမ်းကို ဂုဏ်ယူပါတယ်။ အဆွေတော် ဗိုလ်ချုပ်မှူးကြီး အနေနဲ့ ဒီရုရှားနိုင်ငံကို ဒါပထမဆုံးခရီးစဉ် မဟုတ်ဘူးဆိုတာ သိရပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဒီ Red Square မှာ ပြုလုပ်မယ့် စစ်ရေးပြအခမ်းအနားကိုတော့ တက်ရောက် တာ ပထမဆုံးအကြိမ်ဆိုတာတွေ့ရပါတယ်။
အခုလိုမျိုး ပထမဆုံးအကြိမ်တက်ရောက် ခွင့်ရတာနဲ့ပတ်သက်ပြီးတော့ ဘယ်လိုစိတ် ခံစားချက်တွေရှိလဲဆိုတာ သိလိုပါတယ်။
ဗိုလ်ချုပ်မှူးကြီး။ဒီရုရှား တပ်မတော်ရဲ့ စစ်ရေးပြအခမ်းအနား အင်မတန်ခမ်းနားတဲ့ ကြီးကျယ်ခမ်းနားတဲ့ ဟာတွေ ကျွန်တော် တို့ Online မှာ တင်ထားတဲ့သတင်းတွေ ကျွန်တော်တို့ကြည့်ရတာပေါ့။ စိတ်ဝင်စားဖို့ ကောင်းတယ်။ အခုကတော့ မျက်ဝါးထင်ထင် မြင်ရတာတော့ ကျွန်တော့်အတွက်တော့ အင်မတန်ကို ထူးခြားတဲ့ ဟာဖြစ်ပါတယ်။
ဒီမှာ ကိုယ်တိုင်တက်ရောက်ခွင့်ရတဲ့အတွက် လည်း ကျွန်တော့်အတွက်လည်း အင်မတန် ဂုဏ်ယူဖွယ်ရာဖြစ်တယ်။
သတင်းဌာနမှမေး။ ကျွန်တော်တို့ဒီစစ်ရေးပြ အခမ်းအနားမှာဆိုလို့ရှိရင် ရုရှားနိုင်ငံက တပ်မတော်က စစ်ရေးပြ ပြုလုပ် ဆောင်ရွက် ကြမှာဖြစ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီးတို့ တပ်မတော်အနေနဲ့ ဒီလိုမျိုးစစ်ရေးပြအခမ်း အနားနဲ့ပတ်သက်ပြီးတော့ ယခုလက်ရှိမှာ ရော တပ်မတော်အနေနဲ့ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေနဲ့ ပတ်သက်ပြီးတော့ သိချင်ပါတယ်။
ဗိုလ်ချုပ်မှူးကြီး။ မြန်မာနိုင်ငံမှာလည်း မြန်မာ့တပ်မတော်ရဲ့ တပ်မတော်နေ့စစ်ရေးပြ အခမ်းအနားတွေ ရှိပါ တယ်။ ပြီးခဲ့တဲ့မတ်လ ၂၇ ရက်က စိန်ရတု(၇၅)နှစ်မြောက်နေ့ကို ဒီ COVID-19 ဖြစ်တဲ့အတွက်ကြောင့် ခဏရွှေ့ဆိုင်း ထားရတာရှိပါတယ်။ ဒါပေမဲ့ ရာသီဥတု အခြေအနေပေးတာနဲ့ COVID-19 နဲ့ပတ်သက်ပြီး ထိန်းချုပ်နိုင်တဲ့ အခြေအနေရသွားရင် ကျွန်တော်တို့ စစ်ရေးပြ အခမ်းအနားကို ပြန်လုပ်ပါမယ်။ အဲဒီကျရင် ခမ်းခမ်းနားနား လုပ်ပါမယ်။ စစ်ရေးပြအခမ်း အနားကတော့ နိုင်ငံတစ်ခုရဲ့ကာကွယ်ရေး စွမ်းအား ဘယ်လောက်ရှိ သလဲ၊ တိုင်းပြည် ချစ်စိတ်တွေဘယ်လောက်ရှိသလဲ ဖော်ပြတာပေါ့၊ အခုခင်ဗျားတို့မှာ လုပ်နေတဲ့ စစ်ရေးပြ အခမ်း အနားလည်း ရုရှားနိုင်ငံရဲ့ အခြားတပ်မတော်ထက် ခေတ်မီမှုနောက်တစ်ခါ ရုရှားနိုင်ငံသူ/ နိုင်ငံသား များရဲ့ နိုင်ငံ ချစ်စိတ်ဘယ်လောက်ပြင်းထန်မှုကိုဖော်ပြ တာပေါ့၊ဒါကြောင့် တပ်မတော်နေ့အခမ်း အနား လုပ်တဲ့ဟာ အင်မတန် ကောင်းမွန်တာ လို့ ကျွန်တော်ခံယူ ထားပါတယ်။
သတင်းဌာနမှမေး။ ကျွန်တော်တို့ လက်ရှိကမ္ဘာ ပေါ်မှာဆိုလို့ရှိရင် အကြမ်းဖက်သမားတွေ ရဲ့ရန်ကနေ ကမ္ဘာ့နိုင်ငံ အသီးသီးမှာ ခံစား နေရပါတယ်။ အရှေ့တောင်အာရှမှာဆိုလို့ ရှိရင်လည်း ဒီလိုမျိုး အကြမ်းဖက်သမားတွေ ဆူပူ သောင်းကျန်း နေတဲ့ဖြစ်စဉ်တွေလည်း ရှိပါတယ်။ အဆွေတော်တို့ရဲ့ နိုင်ငံအနေနဲ့ အကြမ်းဖက်သမားတွေနဲ့ ပတ်သက်ပြီးတော့ လက်ရှိတွေ့ကြုံနေရတဲ့ အခြေအနေတွေရယ်၊ ဒီအကြမ်းဖက်နဲ့ ပတ်သက်ပြီး ဆောင်ရွက်မယ့် အစီ အမံတွေကို သိလိုပါတယ်။
ဗိုလ်ချုပ်မှူးကြီး။ အကြမ်းဖက်ဆိုတဲ့နေရာမှာ အကြမ်းဖက်သမားလို့ သတ်မှတ်ထားတဲ့ အကြမ်းဖက်အဖွဲ့ အစည်းတွေ ရှိတယ်။ အကြမ်းဖက်သမားလို့ မသတ်မှတ်ထားသော်လည်း တိုင်းပြည်တစ်ပြည်လုံး ထိခိုက်အောင် ဆောင် ရွက်နေတဲ့ အဖွဲ့အစည်းတွေရှိတယ်။ နှစ်ပိုင်းခွဲ ပြီးပြောပါမယ်။ အကြမ်းဖက်သမားတွေကို နိုင်ငံတော်မှာ ဘယ်သူမှလက်မခံပါဘူး။ ကျွန်တော်တို့နိုင်ငံမှာလည်း အကြမ်းဖက်သမား တွေကို လုပ်ကိုင်နေရတာ တွေ၊ ချေမှုန်းနေရ တာတွေရှိပါတယ်။ ဒီအဖွဲ့အစည်းတွေ ရပ်တည်နိုင်စေတဲ့ဟာကလည်း သူတို့ကို အားပေး ထောက်ခံနေတဲ့ အကြောင်းအရာ၊ အချင်းအရာတွေရှိလို့ဖြစ်ပါတယ်။ အကြမ်းဖက်အဖွဲ့အစည်း တစ်ခုရှိဖို့အတွက် လွယ်တဲ့ ကိစ္စတော့မဟုတ်ဘူး။ အဲဒီတော့ ကျွန်တော်တို့ တပ်မတော်ဆိုရင်တောင်မှ တပ်မတော်တစ်ခု ဖြစ်တည်ဖို့ အတွက် နိုင်ငံတော်မှပိုက်ဆံ အများကြီးအကုန်ကျခံပြီးလုပ်ရပါတယ်။
အင်အားကြီးမားလာတာနဲ့အမျှ သုံးဆောင် လာတဲ့ အသုံးအဆောင် ပစ္စည်းတွေကြီးမား လာတာနဲ့အမျှ သူတို့ရဲ့ ကုန်ကျစရိတ်တွေ ဘယ်လောက်ရှိသလဲဆိုတာ ကျွန်တော်တို့ မှန်းလု့ိ မရပါဘူး။ သူတို့ဒီလို ကုန်ကျစရိတ်တွေ နောက်မှာ ဘယ်လိုရနေသလဲ ဆိုတာ အကြောင်းအရာတွေ ရှိနေပါလိမ့်မယ်။ ဒါတွေ အပေါ်မှာ ကျွန်တော်တို့က ကျော်လွှားအောင် ကြိုးစားရမှာဖြစ်ပါတယ်။ အခက်အခဲတော့ရှိ ပါလိမ့်မယ်။ သို့သော်လည်း အကြမ်းဖက် သမားရဲ့အယူအဆကတော့ ဘယ်လိုမှခိုင်မာမှု မရှိပါဘူး။ ကျွန်တော်တို့ ကျော်လွှားနိုင်မယ်လို့ ယုံကြည်ပါတယ်။
ဗိုလ်ချုပ်မှူးကြီး။ ဒီမှာ ကျွန်တော်ဖြည့်ပြီး ပြောလိုပါတယ်။ အဲ့ဒါဘာလဲဆိုတော့ အကြမ်းဖက် သမားအဖွဲ့ အစည်းကို ချေမှုန်းတဲ့ အခါမှာ သက်ဆိုင်ရာကာယကံရှင်နိုင်ငံကနေ ပြီးတော့ ချေမှုန်းနိုင်တာတွေ ရှိနိုင်ပေမယ့် ဒီအကြမ်းဖက် အဖွဲ့အစည်းတွေရဲ့နောက်မှာ ရပ်တည်နေတဲ့အင်အားစုကြီးကြောင့် တစ်နိုင်ငံ တည်းမလုပ်နိုင်တဲ့ ဟာတွေလည်း ရှိပါတယ်။
အဲ့တော့ နိုင်ငံတွေ၊ မိတ်ဆွေနိုင်ငံတွေနဲ့ ဒီအကြမ်းဖက်အဖွဲ့အစည်းတွေကို မလိုလားတဲ့ နိုင်ငံတွေနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ အများ ကြီးလိုအပ်ပါတယ်။ ပူးပေါင်းဆောင်ရွက်မှုမရ လျှင်လည်း အကြမ်းဖက် အဖွဲ့အစည်းတွေကို လက်တွဲချေမှုန်းနိုင်ဖို့အတွက် အခက်အခဲတွေ ရှိပါလိမ့်မယ်။
သတင်းဌာနမှမေး။ အကြမ်းဖက်နှိမ်နင်းရေးမှာ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုဟာ အရမ်း ကိုအရေးပါပါတယ်။ ခုနက ဗိုလ်ချုပ်မှူးကြီး ပြောသွားသလိုပါပဲ။ မြန်မာနိုင်ငံအနေနဲ့မေး ချင်တဲ့မေးခွန်းလေးကတော့ အကြမ်းဖက် သမားလု့ိ ကမ္ဘာက သတ်မှတ်ထားတဲ့ ARSA အဖွဲ့တွေရဲ့ လက်ရှိအခြေအနေနဲ့ ဒီအဖွဲ့တွေကို နှိမ်နင်းဖို့ အတွက် ဆိုရင်တော့ ဘာတွေ လိုအပ်မယ်၊ ဘယ်အချိန်လောက်မှာ အပြီးသတ် နှိမ်နင်းနိုင်မယ်လို့ အဆွေတော် ဗိုလ်ချုပ်မှူးကြီး အနေနဲ့ ထင်ပါသလဲ။
ဗိုလ်ချုပ်မှူးကြီး။ ဘယ်အချိန်လောက်မှာ အပြီးသတ်နိုင်မလဲ ဆိုတာတော့ အကြောင်းအရာများစွာရှိတယ်။ အဓိက ကတော့ သူတို့ အကြမ်းဖက်အဖွဲ့အစည်းအင်အား ရှင်သန်နေ မယ့်အကြောင်းအရာတွေကို ကျွန်တော်တို့က ဖြတ်တောက်ပစ်ရမှာဖြစ်တယ်။ လူဆိုရင် လူအင်အားကိုလုပ်ရမယ်။ လက်နက်ဆိုရင် လက်နက်မရအောင် လုပ်ရမယ်။ ခဲယမ်းဆိုရင် ခဲယမ်းမရအောင်လုပ်ရမယ်။ ငွေကြေးဆိုရင် ငွေကြေးမရအောင်လုပ်ရမယ်။ သူတို့ကို အားပေး ထောက်ခံမှုဆိုရင်လည်း သူတို့ရဲ့ အခြေအနေမှန်ကိုသိရှိအောင်လုပ်ပြီး အားပေး ထောက်ခံမှုမရှိအောင် လုပ်ရမယ်။ ဒါတွေက အများကြီးကျယ်ပြန့်ပါတယ်။ ဒါတွေက နိုင်ငံတကာနဲ့ ပူးပေါင်း ဆောင်ရွက်မှုသည် အရေးကြီး တယ်။ နိုင်ငံတကာနဲ့ပိုပြီးအရေးကြီးတာ ကတော့ ဒီအကြမ်းဖက်အဖွဲ့အစည်းအပေါ်မှာ တကယ်ကို တိုက်ရိုက် သက်ရောက်နေတဲ့လူ တွေနဲ့ပိုပြီးတော့မှ ဖြေရှင်းဆောင်ရွက်တာ ပိုပြီးထိရောက်တယ်လို့ ကျွန်တော် ပြောလိုပါတယ်။ ။
ဆက်လက်ဖော်ပြပေးသွားပါမည်။
Source : တပ်မတော် #Myanmar_Online_News

0 comments:

Post a Comment