Monday, June 29, 2020

မိုးကောင်းမြို့ နန့်ရင်းရပ်ကွက်တွင် လမ်းတံတားဆောက်လုပ်ရေးမြေတူးစဉ် ကျောက်စိမ်းထွက်သောကြောင့် ဒေသခံများတူးဖော်နေ

မိုးကောင်းမြို့နယ် နန့်ရင်းရပ်ကွက်တွင် ရေမြှောင်းတူဖော်နေစဉ် ဒေသခံများမှ ကျောက်စိမ်းလိုက်ကောက်မှုများကြောင့် လုပ်ငန်းအပေါ် နှောင့်ယှက်မှုများ မဖြစ်စေရန် ရဲတပ်ဖွဲ့များ စောင့်ကြည့်နေရကြောင်း နန့်ရင်းရပ်ကွက် အုပ်ချုပ်ရေးမှူးကပြောသည်။
"ပထမပိုင်းတော့ ရဲတွေဘာတွေမပါဘူးပေါ့။ ကျွန်တော်တို့ အုပ်ချုပ်ရေးပိုင်းက သွားပြောတယ်။ လာပြောတဲ့အချိန် ခဏတဖြုတ်ကြာရင် သူတို့ ဘက်ဟိုးကုတ်ရင်လည်း သွားပြီးမှ ဝင်ပြီးတော့မှ ကောက်ကြတာတွေရှိတာပေါ့။ "ဟု ၎င်းကဆက်ပြောသည်။
အဆိုပါလုပ်ငန်းခွင်အတွင်း ညအချိန် ကျောက်စိမ်းခိုးတူးနေသူများလည်းရှိပြီး လုပ်ငန်း နှောင့်ယှက်မှုများ မဖြစ်စေရန်အတွက် ရဲတပ်ဖွဲ့ ၊ မီးသတ်တပ်ဖွဲ့၊ အုပ်ချုပ်ရေးမှူးများမှ သွားရောက် စောင့်ကြည့်နေရကြောင်း ၎င်းကပြောသည်။
"ဒေသခံတွေက လမ်းတူးနေပေမဲ့လည်း သူတို့လုပ်ငန်းခွင်ဆိုဒ်ထဲမှာ ကျောက်ဝင်ရှာကြတာပေါ့။ တခါတခါကျရင် ညဘက်လည်း ကျောက်ခိုးတူးကြတာပေါ့။ ဆောက်လုပ်ရေးက မြှောင်းတွေဖောက်ထားပြီဆိုရင် ညဘက်ဆိုရင် ခိုးတူးတာမျိုးလည်းရှိတယ်။"ဟု ဒေသခံတစ်ဦးကပြောသည်။
လက်ရှိတွင် ကျောက်ရှာသူများနှင့် လုပ်ငန်း လုပ်နေသူများ အဆင်ပြေစေရန် အတွက် လုပ်ငန်း ခဏနားချိန်များမှာ ဝင်ရောက်ရှာဖွေခွင့် ရှိနေကြောင်း ၎င်းကဆက်ပြောသည်။
အဆိုပါရေမြှောင်းကို မိုးကောင်းမြို့ နန့်ရင်းရပ်ကွက် ဦးဖိုးစောလမ်းဆုံတစ်ခုတွင် လမ်း၊ တံတားဆောက်လုပ်ရေးဌာနမှ ဆောက်လုပ်နေခြင်းဖြစ်ပြီး လက်ရှိတွင် ရေမြှောင်း တူဖော်မှုအပိုင်း ပြီးစီးနေပြီဖြစ်ကြောင်း နန့်ရင်းရပ်ကွက်အုပ်ချုပ်ရေးမှူးကပြောသည်။
Crd : The Voice of Shan-Ni #Myanmar_Online_News

0 comments:

Post a Comment