
ယနေ့ကျင်းပသည့်ရွေးကောက်ပွဲတွင် အိုက်စလန်သမ္မတ ဂတ်နီဂျိုဟန်နက်ဆင်က ဆန္ဒမဲများ၏ ၉၁ ရာခိုင်နှုန်းဖြင့် အနိုင်ရရှိခဲ့ပြီး လက်ယာယိမ်း ဂတ်မွန်ဒါဖရန်ကလင်ဂျွန်ဆင် ကို အနိုင်ယူလိုက်ကြောင်း ဒေသန္တရရုပ်သံဌာန RUV က ဖော်ပြခဲ့သည်။
လက်ယာယိမ်း သမ္မတလောင်း ဖရင်ကလင်ဂျွန်ဆင်က မဲဆန္ဒရှင် ၂၅၂၂၁၇ ဦးရှိသော အိုက်စလန်သမ္မတ ရွေးကောက်ပွဲ ၌ အနိုင်ရရှိရန် အခွင့်အရေးအနည်းငယ်သာရှိကြောင်း စစ်တမ်းများက ခန့်မှန်းခဲ့သည်။
“ကျွန်တော် ပြည်သူတွေရဲ့ ထောက်ခံမှုရရင် နိုင်ငံ အတွက် အရင်လို ဆက်လက်ကြိုးပမ်းသွားမှာဖြစ်ပါတယ်” ဟု ရေဂျာဗစ်ခ်မြို့တော်နှင့် သိပ်မဝေးသည့် မဲရုံတစ်ခုသို့ ဆန္ဒမဲပေးရန် စက်ဘီးတစ်စီးနှင့် ရောက်ရှိလာခဲ့သည့် ဂျိုဟန်နက်ဆင်က ပြောသည်။
၁၉၄၄ ခုနှစ်တွင် လွတ်လပ်ရေးရပြီးနောက်ပိုင်း ၂၀၁၆ ခုနှစ်၌ အိုက်စလန်နိုင်ငံ၏ အသက်အငယ်ဆုံးသမ္မတ ဖြစ်လာခဲ့သူ ဂျိုဟန်နက်ဆင်သည် ပထမသက်တမ်းအတွင်း ထောက်ခံမှု အခိုင်အမာရရှိခဲ့သည်။ အိုက်စလန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု များစွာမရှိခဲ့ပေ။ အိုက်စလန် နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၀ ဦးနှင့် ရောဂါလက္ခဏာရှိသည့် လူနာ ၁၁ ဦးသာရှိသည်။
အိုက်စလန်နိုင်ငံသည် အသွားအလာ ကန့်သတ်ချက် များ ရုပ်သိမ်းပြီးနောက် ရွေးကောက်ပွဲကျင်းပသည့် ဥရောပမှ ဒုတိယမြောက်နိုင်ငံဖြစ်သည်။
Ref : CGTN  
Crd : The Mirror  #Myanmar_Online_News
 






 
 
 
 
 
0 comments:
Post a Comment