Tuesday, June 30, 2020

ဟောင်ကောင်အရေးကိစ္စကို ဝင်ရောက်စွက်ဖက်ခြင်းမပြုကြရန် အီဂျစ်၊ အီသီယိုးပီးယားနှင့် တရုတ်နိုင်ငံတို့မှ အလေးနက်ပြောကြား

တရုတ်နိုင်ငံကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီးဝမ်ရီ၊ အီသီယိုးပီးယား နိုင်ငံခြားရေးဝန်ကြီး Gedu Andargachew နှင့် အီဂျစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီး Sameh Shoukry တို့နှင့် ဇွန်လ ၂၉ ရက်နေ့တွင် တယ်လီဖုန်းမှတဆင့် COVID-19 ကူးစက်ရောဂါကိုပူးပေါင်း၍တိုက်ဖျက်ရေးအပါအဝင် ဟောင်ကောင်အရေးနှင့်ပတ်သက်၍ ဝင်ရောက်စွက်ဖက်နေခြင်းတို့ကို ဆန့်ကျင်ရေးတို့နှင့်ပတ်သက်၍ အလေးအနက်ထားပြောကြားခဲ့ကြပါသည်။
ဟောင်ကောင်အရေးကိစ္စသည် တရုတ်နိုင်ငံ၏အတွင်းရေးကိစ္စဖြစ်ပြီး ၎င်းအရေးကိစ္စနှင့်ပတ်သက်၍တရုတ်၏တောင်းဆိုမှုများအပေါ် ပံ့ပိုးမှုခဲ့မှုများအတွက် တရုတ်မှဝမ်းမြောက်ကြောင်း ဝမ်းရီမှနိုင်ငံခြားရေးဝန်ကြီးများကို ပြောကြားခဲ့ပါသည်။
အချို့သောနိုင်ငံများနှင့် အခြားသောအင်အားစုများမှ ဟောင်ကောင်ကို အကြောင်းပြချက်တစ်ခုအနေဖြင့် လူ့အခွင့်အရေးကိုအသုံးချပြီး တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြန်လည်ရှင်သန်မှုကိုတားဆီးရန် ကြိုးစားနေကြခြင်းဖြစ်ကြောင်း ဝမ်ရီမှ Gedu အားပြောကြားခဲ့ပါသည်။
ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းသည် နိုင်ငံတကာဆက်ဆံရေး ၏ အခြေခံစံနှုန်းမဟုတ်ကြောင်း၊ အခြားသောနိုင်ငံများ၏ ပြည်တွင်းရေးရာကိစ္စများကို ဝင်ရောက်စွက်ဖက်ခြင်းနှင့် တရုတ်နိုင်ငံ၏လူ့အခွင့် အရေးပြဿနာများအပေါ် ဝင်ရောက်စွက်ဖက်ခြင်းအပေါ် နိုင်ငံရေးအရဆန့်ကျင်ကန့်ကွက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးမှ ပြောကြားခဲ့ပါသည်။
ထိုကဲ့သို့ပြုလုပ်ခြင်းမှာ တရုတ်နိုင်ငံ၏ ကိုယ်ပိုင်အခွင့်အရေးနှင့် အကျိုးစီးပွားကို ကာကွယ်ပေးရုံမျှမက ဖွံ့ဖြိုးဆဲနိုင်ငံများအားလုံး၏ အခွင့်အရေးနှင့် အကျိုးစီးပွား တို့ကိုပါ ကာကွယ်ပေးရာကျကြောင်းနှင့် ကုလသမဂ္ဂပဋိညာဉ်စာတမ်းတွင် ပါဝင်သော ရည်ရွယ်ချက်နှင့် စည်းမျဉ်များကိုလည်း ကာကွယ်ရာရောက်ကြောင်း ဝမ်ရီမှ Shoukry အားပြောခဲ့ပါသည်။
နိုင်ငံခြားရေးဝန်ကြီးနှစ်ဦးသည် တရုတ်နိုင်ငံ၏ one-China policy ကို ခိုင်မာစွာ ထောက်ခံကြောင်းပြောကြားခဲ့ပြီး ဟောင်ကောင်အရေးကိစ္စသည် တရုတ်နိုင်ငံ၏ ပြည်တွင်းရေးရာကိစ္စဖြစ်သည့်အတွက် နိုင်ငံတကာအနေဖြင့် တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာကို လေးစားသင့်ကြောင်း ဖြည့်စွက်ပြောကြားခဲ့ပါသည်။
ကူးစက်ရောဂါတိုက်ဖျက်ရေးတွင် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာစေရေးကို အလေးအနက်ထားပြောခဲ့ပြီး အာဖရိကထိပ်သီးအစည်းအဝေး၏ရလဒ်များကို အကောင်အထည်ဖော်ရန်အတွက် အီသီယိုးပီးယားနိုင်ငံအပါအဝင် အာဖရိကရှိ မိတ်ဖက်များနှင့် အတူတကွလက်တွဲသွားရန်အသင့်ဖြစ်နေကြောင်း ဝမ်မှ နိုင်ငံခြားရေးဝန်ကြီးနှစ်ဦးကို ပြောကြားခဲ့ပါသည်။
တရုတ်နိုင်ငံအနေဖြင့် ကူးစက်ရောဂါနှင့်ပတ်သက်၍ တရုတ် - အာဖရိက ထိပ်သီးအစည်အဝေးနှင့် နိုင်ငံတ ကာပူပေါင်းဆောင်ရွက်ရေးဆိုင်ရာ Belt and Road စီမံကိန်းဆိုင်ရာ အဆင့်မြှင့်ရုပ်သံအစည်းအဝေးကို အောင်မြင်စွာကျင်းပနိုင်ခဲ့သည့်အ တွက် Gedu အနေဖြင့် ဂုဏ်ယူကြောင်းပြောကြားခဲ့ပါသည်။
တရုတ်နိုင်ငံသမ္မတနှင့် အီဂျစ်နိုင်ငံသမ္မတတို့သည် ခိုင်မာသောအပြန် အလှန်ယုံကြည်မှုနှင့် ခင်မင်ရင်နှီးမှုကို ထူထောင်ထားခဲ့ကြကြောင်းနှင့် ၎င်းသည် နှစ်နိုင်ငံဆက်ဆံရေးဖွံ့ဖြိုးတိုးတက်မှုအတွကက် အရေးကြီးသောမဟာဗျူဟာမြောက် လမ်းညွှန်းချက်တစ်ခုလည်းဖြစ်ကြောင်း Shoukry မှပြောကြားခဲ့ပါသည်။
Source - CGTN #Myammar_Online_News

0 comments:

Post a Comment