Monday, June 29, 2020

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ကာကွယ်ရေးအတွင်းဝန် COVID-19 ရောဂါဖြင့်သေဆုံး

ဘင်္ဂလားဒေ့ရှ်ကာကွယ်ရေးအတွင်းဝန် Abdullah Al Mohsin Chowdhury ဟာ Covid-19 နဲ့ ဆေးရုံတက်နေရာကနေ ဒီနေ့ တနင်္လာနေ့မှာ ဒါကာမြို့တော်မှာ သေဆုံးသွားပါတယ်။
သူဟာ ဘင်္ဂလားဒေ့ရှ်ကာကွယ်ရေးအတွက် ဒုတိယတာဝန်အရှိဆုံးလူပါ။ ပထမတာဝန်အရှိဆုံးကတော့ ဝန်ကြီးချုပ်ရှိတ်ဟာဆီနာပါ။
သူဟာ မေလ 29 ရက်နေ့မှာ ဆေးရုံတက်ခဲ့ပြီး ဇွန်လ 6 ရက်နေ့မှာ Covid posititve တွေ့ခဲ့တာဖြစ်ပါတယ်။
ဇွန်လ 18 ရက်နေ့မှာ ICU အထူးကြပ်မတ်ကုသဆောင်ကို ရွှေ့ပြောင်းခဲ့ရပြီး ဒီနေ့မှာတော့ နှလုံးရပ်ကာ သေဆုံးသွားတာဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ်မှာ Covid-19 အခြေအနေက အတော့်ကိုဆိုးနေပါတယ်။ ဒီနေ့အထိ စုစုပေါင်း137787 ယောက်တွေ့ထားပြီး 1738 ယောက်သေဆုံးသွားပြီဖြစ်ပါတယ်။
Crd : Richard Myo Thant #Myanmar_Online_News

0 comments:

Post a Comment