Tuesday, June 30, 2020

ဒလတံတားစီမံကိန်းလုပ်ငန်းခွင်မှပြုတ်ကျသည့်တရုတ်နိုင်ငံသားအလောင်းပြန်တွေ့

မြန်မာ-ကိုရီးယား ချစ်ကြည်ရေး (ဒလ) မြစ်ကူးတံတားစီမံကိန်းရဲ့ ဘိုးပိုင်တူးဖော်တဲ့ လုပ်ငန်း ဆောင်ရွက်နေစဉ် ရေထဲပြုတ်ကျ ပျောက်ဆုံးခဲ့တဲ့ တရုတ်နိုင်ငံသား အလောင်းကို နှစ်ရက်အကြာ ဒီကနေ့ ဇွန် (၃၀) ရက်၊ မွန်းလွဲပိုင်းက ရှာဖွေတွေ့ရှိပြီ ဖြစ်တယ်လို့ အမှတ် (၃) ရေကြောင်းရဲ ကွပ်ကဲမှု အဖွဲ့ခွဲက ရဲအုပ် ကျော်မိုးဟိန်းက ပြောပါတယ်။
တရုတ်နိုင်ငံသား အလောင်းကို ဒလဘက်ခြမ်း ကမာကဆစ်အနီး ရေထဲမှာ ရှာဖွေတွေ့ရှိတာ ဖြစ်တယ်လို့ ရဲအုပ် ကျော်မိုးဟိန်းက ပြောပါတယ်။
သေဆုံးခဲ့တဲ့ တရုတ်နိုင်ငံသားဟာ ပြီးခဲ့တဲ့ ဇွန် (၂၈) ရက်၊ ညပိုင်း (၈) နာရီကျော်က တံတားစီမံကိန်းရဲ့ ဒလဘက်အခြမ်း ပင်မရေလယ်တိုင်တူးဖို့ လုပ်ငန်းဆောင်ရွက်နေစဉ် ခြေချော်ပြုတ်ကျပြီး ပျောက်ဆုံးခဲ့တာ ဖြစ်ပါတယ်။
အဲဒီ တရုတ်နိုင်ငံသား တရုတ်ကုမ္ပဏီတစ်ခုကဖြစ်ပြီး စီမံကိန်းရဲ့ အလုပ်သမားခေါင်းဆောင် တစ်ဦးဖြစ်တယ်လို့ သိရပါတယ်။
တရုတ်နိုင်ငံသား သေဆုံးမှုနဲ့ပတ်သက်ပြီး ဗိုလ်တထောင်မြို့မရဲစခန်းမှာ သေမှုသေခင်းဖွင့်လှစ်ပြီး စစ်ဆေးနေပါတယ်။
Ref ; one news myannmar

0 comments:

Post a Comment