Monday, June 29, 2020

(ဒုတိယအသုတ်)စစ်ဆေးမှုများတွင် ဓာတ်ခွဲအတည်ပြု လူနာသစ်မတွေ့ရှိကြောင်း COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

၁။ (၂၈-၆-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -
- အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ဒုတိယအသုတ်) ဓာတ်ခွဲ နမူနာ (၅၈၅)ခုအား စစ်ဆေးပြီးစီးခဲ့ရာ -
• COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် မတွေ့ရှိပါ။
၂။ (၂၉-၆-၂၀၂၀) ရက်နေ့၊ နံနက် (၈:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၂၉၉) ဦးရှိပါသည်။
၃။ (၂၈-၆-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးမှုများအနေဖြင့် -
- အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမ + ဒုတိယအသုတ်) ဓာတ်ခွဲ နမူနာ (၁,၁၄၇)ခု၊
- ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ (၂၇၃) ခု၊
- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) (PHL, Mandalay) မှ ဓာတ်ခွဲနမူနာ (၂၈၀) ခုနှင့်
- ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော်ဆေးရုံကြီး ခုတင် (၁၀၀၀) မှ ဓာတ်ခွဲနမူနာ (၆၇) ခု၊
- စုစုပေါင်း (၁,၇၆၇) ခုအား စစ်ဆေးခဲ့ပါသည်။
Source : Ministry_of_Health_and_Sports, #Myanmar_Online_News

0 comments:

Post a Comment