Tuesday, June 30, 2020

ထိုင်းတွင် COVID-19 အရေးပေါ်အမိန့်ဒီကရီ တစ်လထပ်မံတိုးမြှင့်

ထိုင်းနိုင်ငံတွင် ပြည်တွင်း COVID-19 ကူးစက်မှုအသစ် မတွေ့ရှိသည်မှာ တစ်လကျော်ပြီဖြစ်သော်လည်း COVID-19 နှင့်ပတ်သက်၍ အရေးပေါ်အခြေအနေ အမိန့်ဒီကရီကို ဇူလိုင်လ ၃၁ ရက်အထိ ထပ်မံတိုးမြှင့်လိုက်သည်။
ယင်းသည် တတိယအကြိမ် ထပ်မံတိုးမြှင့်ခြင်းဖြစ်သည်။ မတ်လ ၂၆ ရက်နေ့က စတင်ထုတ်ပြန်ခဲ့သော အရေးပေါ်အခြေအနေ အမိန့်ဒီကရီကို မူလက ဧပြီ ၃၀ ရက်တွင် အဆုံးသတ်ရန် စီစဉ်ခဲ့သော်လည်း ယခု ကဲ့သို့ တတိယအကြိမ်အထိထပ်မံတိုးမြှင့်ရခြင်းဖြစ်သည်။
သို့ရာတွင် မူလအမိန့်ဒီကရီတွင်ပါရှိခဲ့သည့် ကန့်သတ်ချက်များကိုမူ ဖြည်းဖြည်းချင်းဖြေလျော့ပေးခဲ့ရာ ဖြေလျော့မှု ၄ ဆင့်ရှိခဲ့ပြီဖြစ်သည်။
Ref ; Popular

0 comments:

Post a Comment