Tuesday, June 30, 2020

ကမ္ဘာကြီးရင်ဆိုင်နေရသည့် ကပ်ရောဂါသည် "ပြီးဆုံးရန် နီးကပ်ခြင်းပင်မရှိသေး" ဟု WHO အကြီးအကဲပြော

ကမ္ဘာကြီးရင်ဆိုင်နေရသည့် COVID-19 ကပ်ရောဂါသည် "ပြီးဆုံးရန် နီးကပ်ခြင်းပင်မရှိသေး" ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်(WHO) အကြီးအကဲ Tedros Adhanom Ghebreyesus က တနင်္လာနေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားလိုက်သည်။
Tedros က တရုတ်နိုင်ငံ ဝူဟန်ပြည်နယ်မှ စတင်ပြန့်နှံ့ခဲ့သည့် ကူးစက်မြန်ကပ်ရောဂါသည် ယခု ၆ လကြာပြီးချိန်တွင် ကမ္ဘာပေါ်တွင် ကူးစက်ခံရသူ ၁၀ သန်းရှိသွားပြီဖြစ်ကာ သေဆုံးသူ သန်းဝက်ခန့်ထိရောက်ရှိခဲ့ခြင်းသည် ဤရောဂါ မည်မျှ စိုးရိမ်ဖွယ်ရှိနေသည်ကို ပြသနေခြင်းဖြစ်ကြောင်း ပြောသည်။
" အချို့ကတော့ ဒီရောဂါနဲ့ပတ်သက်ပြီး ခံနိုင်ရည်ရှိနေကြပြီလို့ ထင်နေကြတာဖြစ်ပါတယ်။ ပြီးတော့မယ်လို့ ခန့်မှန်းနေကြတာပါ။ ဒါပေမယ့် ဗိုင်းရပ်စ်က နေရာစုံမှာ ဆက်လက်ပြန့်နှံ့နေဆဲပါ" လို့ ၎င်းက ပြောပါတယ်။
" ကျွန်တော်တို့အားလုံး ဒီကပ်ရောဂါကြီးကို အမြန်ဆုံး ပြီးမြောက်စေချင်နေကြတာပါ။ ဒါပေမယ့် တကယ် တမ်းမှာတော့ ဒီရောဂါ ပြီးမြောက်ဖို့ အချိန်ဟာ အဝေးကြီး လိုအပ်နေပါသေးတယ်။"ပြီးဆုံးရန် နီးကပ်ချင်း ပင် မရှိသေး" ဘူးလို့ ပြောနိုင်ပါတယ်။ ဒါပေမယ့် ကမ္ဘာနိုင်ငံတော်တော်များများက ပုံမှန်အတိုင်း လည်ပတ်ဖို့ ကြိုးစားနေတာတွေကြောင့် ကပ်ရောဂါရဲ့ ပျံ့နှံ့မှုကို ပိုမိုမြန်ဆန်သွားစေနိုင်ပါတယ်လို့" သတိပေးခဲ့ပါတယ်။
WHO အရေးပေါ်စီမံကိန်းအကြီးအကဲ Mike Ryan က ကပ်ရောဂါကူးစက်ပြန့်နှံ့မှုကို ကာကွယ်ဖို့အတွက် အကောင်းဆုံးနည်းလမ်းကတော့ ကာကွယ်ဆေးဖြစ်ပေမဘ့် ကာကွယ်ဆေးရရှိဖို့ အားလုံးဝိုင်းကြိုးပမ်းနေကြတဲ့အတိုင်အောင် ယခုချိန်ထိ အာမခံချက်နဲ့ တိတိကျကျအောင်မြင်အောင် ဖော်ထုတ်နိုင်ခြင်းမရှိသေးဘူးလို့ ဆိုပါတယ်။
ဒီ့အတွက် နိုင်ငံတိုင်းအနေနဲ့ ကိုဗစ် ကူးစက်မှုကိုကာကွယ်ဖို့အတွက် ရောဂါပိုးရှိနေနိုင်သူတွေကို စမ်းသစ်စစ်ဆေးခြင်း၊ ရောဂါရှိသူတွေကို သီးခြားခွဲထားခြင်းနဲ့ ရောဂါတွေ့ရှိသူတွေနဲ့ ထိစပ်ခဲ့သူတွေကို ရှာဖွေဖော်ထုတ်စစ်ဆေးခြင်းသာ အကောင်းဆုံးနည်းလမ်းအဖြစ်ရှိနေတယ်လို့ ဆိုပါတယ်။
Ref ; ပန်ပန်/ Myanmar Harp Media

0 comments:

Post a Comment