Monday, June 29, 2020

ပါကစ္စတန်နိုင်ငံရှိ Stock Exchange အဆောက်အအုံအား သေနတ်သမားများမှ ပစ်ခတ်တိုက်ခိုက်ခဲ့

ပါကစ္စတန်နိုင်ငံ ကရာချီမြို့ရှိ ပါကစ္စတန် Stock Exchange အဆောက်အအုံအား သေနတ်သမားများမှ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး လာရောက်တိုက်ခိုက်သူ ၄ ဦး သေဆုံးခဲ့ကြောင်း အရာရှိများမှ ပြောကြားခဲ့ပါသည်။
သေနတ်သမားများသည် အဆောက်အအုံအား လက်ပစ်ဗုံးများ၊ သေနတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပါသည်။ အဆိုပါအဆောက်အအုံသည် လုံခြုံရေးမြင့်မားသည့် နေရာတွင်တည်ရှိပြီး ၎င်းနေရာတွင် ပုဂ္ဂလိကဘဏ်များ၏ ရုံးချုပ်များလည်း တည်ရှိ ပါသည်။
နိုင်ငံ၏ အရေးပေါ်လူနာတင်ယာဉ်ဝန်ဆောင်မှုဌာန အကြီးအကဲ Faisal Edhi မှ လုံခြုံရေးတပ်ဖွဲ့များ၏ ပြန်လည်ပစ်ခတ်မှုကြောင့် လက်နက်ကိုင် ၄ ဦး သေဆုံးခဲ့ ကြောင်း ပြောကြားခဲ့ပါသည်။
ဂိတ်တံခါးတွင် ၂ ဦး သေဆုံးခဲ့ပြီး ကျန်နှစ်ဦးမှာ ပစ်ခတ်မှုဖြစ်ပွားနေသည့် နေရာသို့ ရောက်ရှိသွားပြီးနောက် အသတ်ခံခဲ့ရကြောင်း ကရာချီ၏ အဓိကစီးပွားရေး နယ်မြေရှိ တိုက်ခိုက်မှုများနှင့် နီးစပ်သည့် သတင်းထောက်များမှ ပြောကြားခဲ့ပါသည်။
Source : Aljazeera
“Gunmen attack Karachi stock exchange building in Pakistan”

0 comments:

Post a Comment