Tuesday, June 30, 2020

Facebook ကို ကုမ္ပဏီအများအပြား သပိတ်မှောက်ခြင်းကြောင့် ရင်းနှီးမြှုပ်နှံသူများ စိုးရိမ်လာ

လူမှုကွန်ရက် Facebook မှာ ကြော်ငြာနေတာတွေကိုရပ်ဆိုင်းဖို့ ကုမ္ပဏီအများအပြားကဆုံးဖြတ်ခဲ့ပြီးသပိတ်မှောက်နေကြတာကြောင့် ရင်းနှီးမြှုပ်နှံသူတွေအဖို့ စိုးရိမ်မှုတွေရှိလာကြပါတယ်။
Facebook ကိုသပိတ်မှောက်နေတဲ့ ကုမ္ပဏီတွေထဲမှာ STARBUCKS ၊ COCA-COLA ၊ HERSHEY'S ၊ HONDA နဲ့ UNILEVER တို့လိုမျိုးကုမ္ပဏီကြီးတွေလည်းပါဝင်နေပါတယ်။ အခုလို ကုမ္ပဏီတွေအများအပြားက သပိတ်မှောက်နေတာကြောင့် Facebook ကုမ္ပဏီရဲ့ ရှယ်ယာတွေဟာလည်း ထိုးကျနေပါတယ်။
လူမှုကွန်ရက် Facebook ပေါ်မှာအမုန်းစကားနဲ့ သတင်းအမှားအချက်အလက်တွေပျံ့နှံ့နေတာကို Facebook ကုမ္ပဏီက ထိထိရောက်မတားဆီးဘူးလို့ဆိုပြီး ကုမ္ပဏီတွေအများအပြားက Facebook ကိုသပိတ်မှောက်နေကြတာပါ။
Facebook ကုမ္ပဏီကတော့ ဒီလိုသပိတ်မှောက်နေတာတွေကို ထိန်းချုပ်နိုင်ဖို့ အမုန်းစကားနဲ့ နိုင်ငံရေးသမားတွေရဲ့ အငြင်းပွားဖွယ် ပို့စ်တွေကိုတားဆီးသွားမယ်လို့ ကတိပေးထားပါတယ်။
Ref ; One News Myanmar

0 comments:

Post a Comment