Tuesday, June 30, 2020

၂၀၁၅ရွေးကော်ပွဲတွင် ဗိုလ်ချုပ်သမီးကို ချစ်သည့်စိတ်ဖြင့် မဲပေးခဲ့သည့် ပြည်သူများ အညာခံလိုက်ရဟု ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်ပြောကြား

ဗိုလ်ချုပ်နှင့် ဗိုလ်ချုပ် သမီးကို ချစ်သည့်စိတ်ဖြင့် မဲပေးခဲ့သည့် ပြည်သူများ အညာခံလိုက်ရကြောင်း ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ပြောသည်။
ဇွန်လ ၂၉ ရက်က Hose of Orchid ရှေ့တွင် မီဒီယာများနှင့်တွေ့ဆုံစဉ် ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့် ရှိသူက ယင်းကဲ့သို့ ပြောဆိုခြင်းဖြစ်သည်။
‘‘ဗိုလ်ချုပ်အောင်ဆန်းပုံနဲ့ မဲဆွယ်တယ်။ ပြည်သူတွေက ဗိုလ်ချုပ်အောင်ဆန်းကို ချစ်ခင်လေး စားကြတယ်။ ဗိုလ်ချုပ်ပုံနဲ့ မဲဆွယ်တဲ့အခါမှာ ကိုယ်စားလှယ်ရဲ့ အရည်အသွေးကို ပြည်သူတွေ က မှန်မှန်ကန်ကန်မသိခဲ့ကြဘူး။ အခုလက်တွေ့ဖြစ်နေတာ ကြည့်လိုက်။ ပြည်သူက ဗိုလ်ချုပ်ကို သိတယ်။ ဗိုလ်ချုပ်သမီးကို သိတယ်။ ကိုယ်စားလှယ်ကိုမသိဘူး။ ဖြစ်တဲ့ပြဿနာက ဗိုလ်ချုပ် သမီး ကိုချစ်တဲ့စိတ်နဲ့ မဲပေးခဲ့ကြတယ်။ ပြည်သူအညာခံလိုက်ရတယ်’’ ဟု ဒေါက်တာနန္ဒာလှမြင့်က ပြောသည်။
လက်ရှိတွင် နိုင်ငံအတွင်း တရားဥပဒေ စိုးမိုးရေးမရှိခြင်း၊ အခွန်များ တိုးသထက်တိုးလာခြင်း၊ ပြည်သူများအတွက်အကာ အကွယ်ပေးမှုများ လျော့နည်းလာခြင်း အစရှိသည်တို့ ဖြစ်နေခြင်း ကြောင့် အရည်အချင်းရှိသည့် လွှတ်တော်ကိုယ်စားလှယ်များနှင့် အရည်အချင်းရှိသည့်အစိုးရအဖွဲ့ဖြစ်လာဖို့လိုအပ်ကြောင်း ဒေါက်တာနန္ဒာလှမြင့်က ပြောသည်။
ဗိုလ်ချုပ်ပုံနှင့် မဲဆွယ်ခြင်း ကိစ္စကို ဒေါက်တာနန္ဒာလှမြင့်၏ ဝေဖန်ပြောဆိုခြင်းနှင့်ပတ်သက် ပြီး ဒီချုပ်ပါတီ ဗဟိုပြန်ကြားရေး ကော်မတီအတွင်းရေးမှူး မုံရွာ အောင်ရှင်က ‘‘ဗိုလ်ချုပ်အောင် ဆန်းက အမျိုးသားခေါင်းဆောင် လေ။ တစ်နိုင်ငံလုံး၊ ပြည်သူတစ် ရပ်လုံးရဲ့ ခေါင်းဆောင်ပဲ။ သူက အားလုံးရဲ့ခေါင်းဆောင်ပဲ။ အ မျိုးသားခေါင်းဆောင်၊ လူထု ခေါင်းဆောင်ပဲ။ တခြားပါတီတွေ လည်းသုံးခွင့်ရှိတာပဲ။ မသုံးရဘူး လို့မပြောပါဘူး။ ကျွန်တော်တို့က မောင်ပိုင်စီးထားတာ မဟုတ်ပါဘူး။ အားလုံး သုံးလို့ရပါတယ်။ ဒီလိုရှင်းလင်း ပြောကြားတာက တော့ အဆင်မပြေဘူးထင်တယ်’’ ဟု ပြောဆိုသည်။
ထို့အပြင် ဗိုလ်ချုပ်ပုံသုံးပြီးမဲဆွယ်ခြင်းကြောင့် ပြည်သူများက ကိုယ်စားလှယ်လောင်းအရည်အချင်းမမြင်ဘဲ မဲပေးခြင်းဆိုသည့် ပြောဆိုမှုနှင့်ပတ်သက်ပြီးအမြင်ကျဉ်းကြောင်း မုံရွာအောင် ရှင်ကပြောသည်။
‘‘အဲဒါက ပြည်သူလူထုကို အထင်သေးတာဗျ။ ပြည်သူလူထု က ဗိုလ်ချုပ်လည်းမြင်တယ်။ နိုင်ငံရေးပါတီလည်းမြင်တယ်။ အဲဒီနိုင်ငံရေးပါတီရဲ့ ခေါင်း ဆောင်ကိုလည်းမြင်တယ်။ ဗိုလ် ချုပ်အောင်ဆန်းကိုကြည့်ပြီး မဲ ပေးတာမဟုတ်ဘူး။ ကန့်ကွက်တဲ့ကိစ္စတွေက နိုင်ငံရေးအရ အမြင်ကျဉ်းတယ်လို့ ပြောချင်ပါတယ်’’ ဟု မုံရွာအောင်ရှင်က ပြောသည်။
လက်ရှိတွင် ကြံ့ခိုင်ရေးပါတီအနေဖြင့် လာမည့်ရွေးကောက် ပွဲတွင် ဦးသိန်းစိန်ပုံဖြင့် မဲဆွယ် စည်းရုံးခြင်းပြုခြင်း၊ မပြုခြင်းကို မဆုံးဖြတ်ရသေးကြောင်း ဒေါက်တာနန္ဒာလှမြင့်က ပြောသည်။
‘‘ဦးသိန်းစိန်က အမျိုးသားခေါင်းဆောင်မဟုတ်ဘူး။ သမ္မတကြီး ဦးသိန်းစိန် ကို ချစ်ခင်နှစ်သက်တဲ့သူတွေက ပါတီကို မဲထည့်ချင်ထည့်လိမ့်မယ်။ အဓိကပြောချင်တာက ဒေသမှာရှိတဲ့ ကိုယ်စားလှယ်ရဲ့ အရည်အသွေးနဲ့ပဲ မဲဆွယ်မယ်’’ဟု ဒေါက်တာ နန္ဒာလှမြင့်က ပြောသည်။
လာမည့် အထွေထွေရွေး ကောက်ပွဲအတွက် ရွေးကောက်ပွဲဆိုင်ရာကျင့်ဝတ်ကို ခုနစ်လ ကျော်ကြာ အချိန်ယူရေးဆွဲခဲ့ပြီးနောက် ဇွန်လ ၂၆ ရက်တွင် နိုင်ငံရေးပါတီများ သဘောတူလက် မှတ်ရေးထိုးပွဲအခမ်းအနား ကျင်းပခဲ့သော်လည်း ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုများတွင် အမျိုး သားခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်းနှင့် သမိုင်းဝင်ပုဂ္ဂိုလ်များ၏ ရုပ်ပုံများသုံးစွဲခြင်းမပြုရန် တားမြစ်ချက် ပါဝင်လာခြင်းမရှိဟုဆိုကာ ပြည်ခိုင်ဖြိုးပါတီအပါအဝင် ပါတီအချို့က ရွေးကောက်ပွဲ ဆိုင်ရာကျင့်ဝတ်ကို သဘောတူ လက်မှတ်ရေးထိုးခဲ့ခြင်းမရှိပေ။
Source : Myanmar Times

0 comments:

Post a Comment