Monday, June 29, 2020

ပုဂံဒေသ မြင်းကပါရွာရှိ လမ်းတစ်လမ်းအား ဒေါက်တာဇော်မြင့်မောင်လမ်းဟု အမည်ပေးမှု ဝန်ကြီးချုပ် တာဝန်ပေးမှုအရ အဖွဲ့ဖွဲ့၍ စစ်ဆေးမည်ဖြစ်ကြောင်းသိရ

ပုဂံမြို့ မြင်းကပါကျေးရွာရှိ လမ်းတစ်လမ်းအား ဒေါက်တာဇော်မြင့်မောင်လမ်းဟု အမည်ပေးခဲ့မှုနှင့်ပတ်သက်၍ အကြောင်းရင်းမှန်ကိုသိရှိရန် မြို့နယ်အဆင့် အဖွဲ့ဖွဲ့၍ စုံစမ်းစစ်ဆေးမည်ဖြစ်ကြောင်း ညောင်ဦးခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်အုန်းက Mandalay Indepth News အား ပြောသည်။
မြင်းကပါကျေးရွာ (၉၆) ရပ်ကွက်ရှိ လမ်းတစ်လမ်းအား မန္တလေးတိုင်းဝန်ကြီးချုပ်၏ အ မည်ကို အသုံးပြု၍ ‘ဒေါက်တာ ဇော်မြင့်မောင်လမ်း’ဟု အမည်ပေးဆိုင်းဘုတ်ထောင်ခဲ့သည်။
ဇွန်လ ၁၉ ရက်က အမည်ပေး ဆိုင်းဘုတ်ထောင်ခဲ့ခြင်းဖြစ် ပြီး ရှေးဟောင်းယဉ်ကျေးမှုနယ် မြေရှိ လမ်းတစ်လမ်းအား ထိုကဲ့ သို့ အမည်မပေးသင့်ကြောင်း လူမှုကွန်ရက်တွင် ဝေဖန်မှုများရှိခဲ့ပြီး နောက် ဒေါက်တာဇော်မြင့်မောင် လမ်းဟူသည့် စာသားပါဆိုင်း ဘုတ်ကို ဇွန်လ ၂၆ ရက်တွင် ပြန် လည်ဖျက်သိမ်းခဲ့သည်။
အဆိုပါ လမ်းအမည်ပေ ခြင်းကို မြင်းကပါကျေးရွာ (၉၆) ရပ်ကွက်မှ မီးလင်းရေးကော်မတီ အဖွဲ့က လုပ်ဆောင်ခဲ့ခြင်း ဖြစ် သော်လည်း အမည်ပေးဆိုင်း ဘုတ်တင်ရာတွင် သက်ဆိုင်ရာ မြို့နယ်စည်ပင်နှင့် မြို့နယ်၊ ခရိုင် ထွေအုပ်တို့၏ ခွင့်ပြုချက်မရရှိဘဲ လုပ်ဆောင်ခဲ့သည်ဟု ညောင်ဦး ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော် ကျော်အုန်းကပြောသည်။
‘‘ခွင့်ပြုချက်မရဘဲနဲ့ သူတို့က ခွင့်ပြုချက်တင်သလိုလို ဘာလိုလိုနဲ့ ခွင့်ပြုချက်က ဒီမှာခရိုင် တို့၊ စည်ပင်တို့ ဌာနတွေဆီ မရောက်သေးဘူး။ ဟိုမှာက လိုင်းပေါ်ရောက်နေပြီ။ ဘယ်အချိန်က လုပ်လိုက်တာမှန်းမသိဘူး။ ဝန်ကြီးချုပ်ကလည်း ဒါကိုနားလည်တယ်။ ပြန်ဖျက်ခိုင်းလိုက်ပါဆိုပြီး လွှတ်တော် ကိုယ်စားလှယ်တွေ ကနေတစ်ဆင့် ပြောခိုင်းလို့ အခု ပြန်ဖျက်ခိုင်းလိုက်ပြီ။ ခွင့်ပြုချက် မရမီ ဒါကို အမြန်အဆန်လုပ် လိုက်တဲ့အတွက် ဘာတွေဘယ် လိုဖြစ်လဲတော့မသိဘူးပေါ့။ ဝန် ကြီးချုပ်က စစ်ဆေးလိုက်ပါဆိုလို့ ကျွန်တော်တို့ကတော့ အဖွဲ့နဲ့ဖွဲ့ ပြီးစစ်မှာပေါ့။ ဘာကြောင့် ဒီလို လုပ်ရတာလဲဆိုတာကို အဖွဲ့လေး နဲ့ ဖွဲ့စစ်ပြီးတော့ တိုင်းဒေသကြီး အစိုးရအဖွဲ့ကို တင်ပြလိုက်မှာပဲ’’ ဟု ဦးကျော်ကျော်အုန်းကပြော သည်။
တိုင်းဝန်ကြီးချုပ်၏ ညွှန် ကြားချက်အရ ညောင်ဦးခရိုင်အ ထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဖွဲ့စည်းပေးထားသည့် မြို့နယ်အ ထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ဦးဆောင်ပါဝင်သည့် အဖွဲ့ဖြင့် တစ်ပတ်အတွင်း အပြီးစစ်ဆေး ကာ ရရှိလာသည့် စစ်ဆေးချက် များကို တိုင်းဒေသကြီးအစိုးရအ ဖွဲ့ထံ တင်ပြမည်ဟု ၎င်းကရှင်းပြ သည်။
ညောင်ဦးမြို့နယ် မြင်းကပါ ကျေးရွာရှိ (၉၆)ရပ်ကွက်သည် ရှေးဟောင်းနယ်မြေနှင့် မလွတ်ကင်း၍ ရှေးဟောင်းသုတေသနဌာနမှ ရွှေ့ပြောင်းရန် သတ်မှတ်ထားသည့် နေရာဖြစ်သော်လည်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ရှေး/သုဌာနနှင့် ညှိနှိုင်းပေးသဖြင့် မရွှေ့ပြောင်းရဘဲ ဆက်လက်နေထိုင်ခွင့်ရခဲ့ကြောင်း၊ ထို့အပြင် (၉၆) ရပ်ကွက်ရှိ လမ်းမြေဖော်ဆောင်ခြင်းနှင့် မီးလင်းရေးတို့တွင်လည်း ဒေါက်တာဇော်မြင့်မောင်နှင့် အစိုးရအဖွဲ့မှ ကူညီထောက်ပံ့ပေးသည့်အတွက် ၎င်းအား ကျေးဇူးတင်ဂုဏ်ပြုသည့်အနေဖြင့် (၉၆)ရပ်ကွက် မီးလင်းရေးကော်မတီအဖွဲ့ဝင် ဆယ်ဦးခန့်နှင့် ဒေသခံငါးဦးခန့်တို့၏ စည်းဝေးဆုံးဖြတ်ချက်ဖြင့် (၉၆) ရပ်ကွက်ရှိ လမ်းတစ်လမ်းအား ဒေါက်တာ ဇော်မြင့်မောင်လမ်းဟု ဇွန်လ ၁၉ ရက်က အမည်ပေးဆိုင်းဘုတ် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း မြင်းကပါကျေးရွာ (၉၆) ရပ်ကွက် မီးလင်းရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်မြင့်က Mandalay Indepth News အားပြောသည်။
‘‘အဲဒါကြောင့် ဂုဏ်ပြုတဲ့အနေနဲ့ပေးလိုက်တာပေါ့။ ခွင့်ပြုချက်လည်း အထက်အဆင့်ဆင့်ကို တောင်းထားတယ်ဗျ။ တောင်းတောင်းလုပ်လုပ်ပေါ့ဗျာ။ ဒေါက်တာဇော်မြင့်မောင်လမ်း ပေးချင်ပါတယ်ဆိုပြီး အကျိုးအကြောင်း ရေးတင်ထားတာပေါ့’’ဟု ဦးခင်မောင်မြင့်ကဆိုသည်။
ပုဂံဒေသသည် ကမ္ဘာ့အမွေအနှစ် ရှေးဟောင်းယဉ်ကျေးမှု နယ်မြေဖြစ်ပြီး သမိုင်းအစဉ်အ လာကြီးမားသည့်အတွက် လမ်းအမည်ပေးခြင်းကဲ့သို့ တစ်စုံတစ်ခု လုပ်ဆောင်မည်ဆိုလျှင် သတိ ထားဆင်ခြင်သင့်ပြီး သမိုင်းဝင်အမည်များသာ ပေးသင့်ကြောင်း၊ ပုဂံဒေသခံ ကိုမျိုးဆက်စံက မှတ်ချက်ပြုသည်။
ဒေါက်တာဇော်မြင့်မောင်ကို ရပ်ကွက်မှ ဂုဏ်ပြုသည့်အနေဖြင့် အမည်ပေးခဲ့ခြင်းဖြစ်ပြီး ထိုသို့ လမ်းအမည်ပေးသည့်အပေါ် ဝေဖန်သူများရှိသလို ထောက်ခံသူများလည်းရှိကြောင်း၊ အဆိုပါ မြင်းကပါရွာတွင်ပင် ပြည်ခိုင်ဖြိုးရွာဟု အမည်ပေးထားသည့် ဆိုင်းဘုတ်ရှိပြီး ဒေါက်တာဇော်မြင့်မောင်လမ်းဟု အမည်ပေးသည့်အပေါ် ဝေဖန်သူများအနေဖြင့် ၎င်းဆိုင်းဘုတ်ကိစ္စကို မည်ကဲ့သို့ မှတ်ချက်ပေးမည်ကို သိလို ကြောင်း ညောင်ဦးမြို့နယ် မဲဆန္ဒ နယ်အမှတ်(၁)မှ တိုင်းလွှတ် တော်ကိုယ်စားလှယ် ဦးဝင်းမြင့် ခိုင်က မေးခွန်းထုတ်သည်။
Crd : 7Day

0 comments:

Post a Comment