Tuesday, June 30, 2020

ချောမောလှပသည့် ရုရှားစစ်သမီးလေးများ

ရုရှတပ်နီတော် (Red Army) မှာ တာဝန်ထမ်းဆောင်နေကြတဲ့ စစ်သမီးတွေဖြစ်ပါတယ်။ စစ်သမီးတွေဟာ သာမန်လက်နက်ကိုင်တပ် (conventional armed force) တွေမှာတာဝန်ထမ်းဆောင်တဲ့သူရှိသလို အထူးတပ်ဖွဲ့ (Spetsnaz) မှာလည်းတာဝန်ထမ်းဆောင်တဲ့သူတွေရှိပါတယ်။
အမျိုးသမီးစစ်သည်တော် (Female Cadet) တွေရဲ့ တာဝန်အများစုက ကွန်ပျုတာစနစ်သုံး လက်နက်ထိန်းချုပ်၊ ပစ်ခတ်ခြင်း၊ သတင်းအချက်အလက်စုဆောင်းခြင်း၊ ထောက်လှမ်းရေး စတာတွေဖြစ်ပြီး လက်ဖြောင့်တပ်လို အထူးတာ ဝန်ထမ်းဆောင်သူတွေလည်းရှိပါတယ်။
သမ္မတပူတင်အာဏာရလာပြီးနောက်ပိုင်း အကျင့်ပျက်ခြစားနေတဲ့ ရုရှားတပ်မတော်ရဲ့ ပုံရိပ်ကိုပြန်အဖတ် ဆယ်ဖို့လုပ်ခဲ့ပြီး စစ်အင်အားကို ဒေါ်လာသန်းငါးသောင်းဖိုးအထိတိုးမြှင့်လာခဲ့ပါတယ်။ အရင်က စစ်တပ်ကိုမုန်းတီးခဲ့တဲ့လူတွေအမြင်မှာ ယနေ့ခေတ်ရုရှားတပ်မတော်ဟာ နိုင်ငံ့ဂုဏ်ဆောင်တပ်မတော်တစ်ခုဖြစ်လာခဲ့ပါတယ်။
တပ်နီတော်ကို အမိမြေလုံခြုံရေးဝန်ကြီးဌာန၊ လူထုအခြေပြုကာကွယ်ရေး၊ ပြည်ထဲရေး၊ နိုင်ငံခြားထောက် လှမ်းရေး စတဲ့ဌာနတွေက တင်းတင်းကျပ်ကျပ်ကိုင်တွယ်ထားပြီး မသမာနည်းလမ်းနဲ့ရာထူးတိုးအောင်လုပ်တာတွေ၊ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာထိပါးတာမျိုးတွေ မရှိသလောက်ကိုနည်းပါတယ်။
Ref ; We Media

0 comments:

Post a Comment