Monday, June 29, 2020

မုံရွာပညာရေးကောလိပ်ကျောင်းသားများက အလုပ်ခန့်စာ ချပေးရေး နှောင့်နှေးနေမှုကြောင့် ပညာရေးဝန်ကြီးကို ကန့်ကွက်

စစ်ကိုင်းတိုင်းဒေသကြီးက ပညာရေးမှုးရုံးရှေ့မှာ အသက် ၅၅ နှစ် ၊ DTED နဲ့ PPTT များ Order ချပေးရန် ကြိုးစားပန်းစား ဆောင်ရွက်ရင်း ကွယ်လွန်ဆိုပြီး ရေးသားကာ ခေါင်းသလားပြုလုပ်ပြီး မုံရွာပညာရေးကောလိပ်ကျောင်းသားများက ဇွန်လ ၂၈ ရက်နေ့က ချထားခဲ့ပါတယ်။
အခုလို ပြုလုပ်ရတဲ့ရည်ရွယ်ချက်မှာပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပညာရေးကောလိပ်ဆင်းသူတွေကို ဇွန်လ ဒုတိအပတ်မှာ အလုပ်ခန့်စာများ နောက်ဆုံးချထားပေးမည်ဆိုသော်လည်း ယခုအချိန်ထိချထားပေးခြင်းမရှိတာကြောင့် အခုလိုပြုလုပ်ရတာ ဖြစ်တယ်လို့ ပညာရေးတက္ကသိုလ် သမဂ္ဂများကိုယ်စားပြု ဗဟိုကော်မတီဝင် ကိုညီညီထွန်းဝေက ပြောပါတယ်။
Crd : Ye Htut Oo #Myanmar_Online_News

0 comments:

Post a Comment