Monday, June 29, 2020

တနင်္သာရီတိုင်းအစိုးရအဖွဲ့ရုံးသစ်အား လေးခွဖြင့်ပစ်မှုကြောင့် ထောင်တစ်နှစ်ချခံရသူက ထောင်မှလွတ်လာပြီး ဒုတိယအကြိမ် ထပ်မံပစ်ခတ်မှုဖြစ်ပွား

တနင်္သာရီတိုင်းအစိုးရအဖွဲ့ရုံးသစ်ကို လေးခွဖြင့် ဒုတိယအကြိမ်အပစ်ခံရပြီး ကျူးလွန်သူအမျိုးသားကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားသည်။
ကျူးလွန်သူအမျိုးသားမှာ ၂၀၁၈ အောက်တိုဘာ ၃ရက်က ယင်းအစိုးရအဖွဲ့ရုံးသစ်ကို လေး ခွဖြင့် ပစ်ခတ်ခဲ့သူဖြစ်ပြီး အဆိုပါ ပြစ်မှုဖြင့်ပင် ထောင်ဒဏ်တစ်နှစ် ကျခံထားရသူဖြစ်သည်။
ထောင်မှ လွတ်လာပြီး နောက် ဇွန်လ ၂၇ ရက် ည ၁၀ နာရီခန့်တွင် ထပ်မံကျူးလွန်ခဲ့ခြင်း ဖြစ်ကြောင်း တနင်္သာရီတိုင်းရဲ တပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူူ ဒုတိ ယရဲမှူးကြီးစိန်ဝင်းက ပြောသည်။
‘‘သူကထောင်က ထွက်လာပြီးပြန်ပစ်တာ။ သူကနဂိုကတည်းက စိတ်မမှန်ဘူး’’ဟု ၎င်းက ဆို သည်။
ထိုသို့ လေးခွဖြင့်ပစ်ခံရသော သုံးထပ်အစိုးရအဖွဲ့ရုံးသစ် အဆောက်အအုံသည် ထားဝယ်မြို့အာဇာနည်လမ်းမရှိ လက်ရှိ တိုင်းအစိုးရအဖွဲ့ရုံး ညာဘက်ခြမ်းတွင် တည်ရှိသည်။
ပထမအကြိမ် လေးခွဖြင့် ပစ်ခံရမှုကြောင့် အဆောက်အ အုံသစ်ရှိ မှန်ခြောက်ချပ်ခန့် ပျက် စီးခဲ့သည်။ ဇွန်လ ၂၇ ရက်ညက ထပ်မံပစ်ခံရမှုကြောင့် ယင်းအဆောက်အအုံသစ်တွင် မှန်သုံးချပ် ခန့်ပျက်စီးနေသည်ကို တွေ့ရသည်။
လေးခွဖြင့်ပစ်ခတ်သူကို ရဲတပ်ဖွဲ့နှင့် မြို့ခံပြည်သူများ ပူးပေါင်း၍ ဖမ်းဆီးခဲ့သည်ကို ဇွန်လ ၂၇ ရက်ညက လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့ခဲ့သည့်ရုပ်သံဖိုင်တွင် မြင်တွေ့ရသည်။
လက်ရှိတွင် ကျူးလွန်သူ အမျိုးသားကို ထောင်ဒဏ်ခုနစ်နှစ် အထိချမှတ်ခံရနိုင်သော ပြည်သူ ပိုင်ပစ္စည်းကာကွယ်ရေးအက်ဥ ပဒေပုဒ်မ ၆(၁)ဖြင့် အမှုဖွင့်ဖမ်း ဆီးထားသည်။
လေးခွဖြင့် နှစ်ကြိမ်မြောက် ပစ်ခံရသည့် တိုင်းအစိုးရအဖွဲ့ရုံး အဆောက်အအုံသစ် တည် ဆောက်မှုကြောင့် နှစ်(၉၀)သက် တမ်းရှိ ကိုလိုနီခေတ်လက်ရာ လက်ရှိ တိုင်းအစိုးရအဖွဲ့ရုံးကြီး၏ ကြံ့ခိုင်မှုနှင့်လုံခြုံရေးကို ထိခိုက် စေနိုင်သဖြင့် အဆောက်အအုံ သစ်တည်ဆောက်မှုကို ဒီချုပ်ပါ တီဝင်များအပါအဝင် ထားဝယ် မြို့ခံ ၂၀၀ ကျော်က ကန့်ကွက် ကြောင်း နိုင်ငံတော်သမ္မတထံ ၂၀၁၈ ဧပြီလအတွင်းက လက် မှတ်ထိုး တင်ပြဖူးသည်။
သို့သော် အဂတိအမှုဖြင့် ထောင်ဒဏ်နှစ် ၃၀ ချမှတ်ခံရသော ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော် ဦးဆောင်သည့် တိုင်းအစိုးရအဖွဲ့က ပြည်သူများ၏ဆန္ဒနှင့်ဆန့်ကျင်ကာ အဆိုပါ ရုံးသစ်ကို ပြီးစီးသည်အထိ ဆောက်လုပ်ခဲ့သည်။
Crd : Zin Moe'Fb #Myanmar_Online_News

0 comments:

Post a Comment