Monday, June 29, 2020

ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)အနေဖြင့် မန္တလေးတိုင်းအတွင်းတွင် မြို့နယ် ထက်ဝက်ခန့်၌ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်

ပြည်သူ့ရှေ့ဆောင်ပါတီအနေနဲ့ လာမယ့်ရွေးကောက်ပွဲမှာ မန္တလေးတိုင်းအတွင်းက မြို့နယ် ထက်ဝက်လောက်မှာ တိုင်းဒေသကြီးလွှတ်တော်အတွက် အဓိကထား ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရှိတယ်လို့ ပါတီရဲ့ မန္တလေးတိုင်းတာဝန်ခံက ဒေါက်တာမျိုးဆက်သွေး က ပြောပါတယ်။
ပြည်သူ့ရှေ့ဆောင်ပါတီအနေနဲ့ မန္တလေးတိုင်းဒေသကြီးအတွင်း ပထမဆုံး မြို့နယ်ပါတီရုံးခန်းကို ပြည်ကြီး တံခွန်မြို့နယ်မှာ ဇွန်လ ၂၇ ရက်နေ့က ဖွင့်လှစ်ခဲ့ပြီး သပိတ်ကျင်း၊ မဟာအောင်မြေ နဲ ပျော်ဘွယ် စတဲ့ မြို့နယ်တွေမှာလည်း ဆက်ဖွင့်သွားဖို့ ရှိနေပါတယ်။
ဒီလိုမြို့နယ်ပါတီရုံးတွေ ဖွင့်နေတာဟာ လာမယ့် ရွေးကောက်ပွဲမှာ တိုင်းအတွင်း မြို့နယ် ၂၈ မြို့နယ်ရှိတဲ့ထဲက ထက်ဝက်လောက်ကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပြင်ဆင်တာဖြစ်ပြီး တိုင်းဒေသကြီး လွှတ်တော်အတွက် အဓိကထား ဝင်ရောက်ယှဉ်ပြိုင်ဖို့ရှိတယ်လို့ ဆိုပါတယ်။
တချို့မြို့နယ်တွေမှာ ပြည်သူ့ရှေ့ဆောင်ပါတီကနေ ဝင်ရောင်ယှဉ်ပြိုင်ဖို့အတွက် ကိုယ်စား လှယ်လောင်းအဆိုပြုတာတွေ ရရှိနေပြီဖြစ်ကာ ဗဟိုကနေ ရွေးချယ်ဖို့အတွက်လည်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
Crd : DVB

0 comments:

Post a Comment