Monday, June 29, 2020

ဝိုင်းမော်မြို့နယ်မှာ တရားမဝင် ရွှေကျင်သည့် ရွှေဖောင်(၄)စီးကို ဖမ်းဆီးရမိ

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာအနီး ဧရာဝတီမြစ်အတွင်းမှာ ရွှေဖောင်ချပြီး တရားမဝင် ရွှေကျင် နေတယ်လို့ သတင်းရတာကြောင့် တာဝန်ရှိသူတွေဟာ ဇွန်(၂၇)ရက် မနက်ပိုင်းမှာ သွားရောက်စစ်ဆေးခဲ့ရာ ပိုင်ရှင်မဲ့ ရွှေဖောင်(၄)စီးကို ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ရွှေဖောင်တွေနဲ့အတူ အင်ဂျင်စက်(၄)လုံး၊လေအိုး(၄)လုံး၊ ရွှေတူ’ဖော်ရာမှာ အသုံးပြုတဲ့ လည်ချောင်းပိုက်(၆) ချောင်း၊ ဟွန်ဒါအင်ဂျင်တပ်ဆင်ထားတဲ့ သစ်သားလှေ(၂)စီးနဲ့ ရေငုတ်ဖောင်မှာ အသုံးပြုတဲ့ ဆက်စပ် ပစ္စည်းတွေကိုလည်း သိမ်းဆည်း ရမိခဲ့ပြီး အဆိုပါ ဖမ်းဆီးရမိတဲ့ ရွှေဖောင်တွေကို နောင်တာလောကျေးရွာအုပ်ချုပ်ရေးမှူးဆီ ခေတ္တအပ်နှံထားရှိပြီး မြို့နယ် အထွေထွေအုပ်ချုပ်ရေဦးစီးဌာနမှူးရုံးကို ပြောင်းရွေ့ဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ မြစ်ကြီးနားခရိုင် ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူက ပြောပါတယ်။
crd-One News Myanmar #Myanmar_Online_News
>>zawgyi<<
ဝိုင်းမော်မြို့နယ်မှာ တရားမဝင် ရွှေကျင်သည့် ရွှေဖောင်(၄)စီးကို ဖမ်းဆီးရမိ
Monday, June 29, 2020
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာအနီး ဧရာဝတီမြစ်အတွင်းမှာ ရွှေဖောင်ချပြီး တရားမဝင် ရွှေကျင် နေတယ်လို့ သတင်းရတာကြောင့် တာဝန်ရှိသူတွေဟာ ဇွန်(၂၇)ရက် မနက်ပိုင်းမှာ သွားရောက်စစ်ဆေးခဲ့ရာ ပိုင်ရှင်မဲ့ ရွှေဖောင်(၄)စီးကို ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ရွှေဖောင်တွေနဲ့ အတူ အင်ဂျင်စက်(၄)လုံး၊လေအိုး(၄)လုံး၊ ရွှေတူ’ဖော်ရာမှာ အသုံးပြုတဲ့ လည်ချောင်းပိုက်(၆) ချောင်း၊ ဟွန်ဒါအင်ဂျင်တပ်ဆင်ထားတဲ့ သစ်သားလှေ(၂)စီးနဲ့ ရေငုတ်ဖောင်မှာ အသုံးပြုတဲ့ ဆက်စပ် ပစ္စည်းတွေကိုလည်း သိမ်းဆည်း ရမိခဲ့ပြီး အဆိုပါ ဖမ်းဆီးရမိတဲ့ ရွှေဖောင်တွေကို နောင်တာလောကျေးရွာအုပ်ချုပ်ရေးမှူးဆီ ခေတ္တအပ်နှံထားရှိပြီး မြို့နယ် အထွေထွေအုပ်ချုပ်ရေဦးစီးဌာနမှူးရုံးကို ပြောင်းရွေ့ဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ မြစ်ကြီးနားခရိုင် ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူက ပြောပါတယ်။
crd-One News Myanmar #Myanmar_Online_News

0 comments:

Post a Comment