Tuesday, June 30, 2020

လေးစားဖွယ်ရာ သန့်ရှင်းရေးဝန်ထမ်း ၂ ဦးကို တာဝန်မပျက်ကွက်ပဲ လုပ်ဆောင်ခဲ့မှုတွေအတွက် ဒေသခံများမှ ဂုဏ်ပြု

သန့်ရှင်းရေးဝန်ထမ်းတွေဆိုတာ မြို့ပြလူနေမှုစနစ်အတွက် မရှိမဖြစ်အရေးပါသူတွေပါ။ တစ်ခါတလေမှာတော့ သူတို့ရဲ့စွမ်းဆောင်မှုတွေက အမေ့လျော့ခံရလေ့ရှိပါတယ်။ ဒါပေမဲ့ အမေရိကန်နိုင်ငံ မိုင်ယာမီကမ်းခြေရဲ့ နော့ခ်ဘေးလမ်းမှာ နေထိုင်သူတွေကတော့ သန့်ရှင်းရေးဝန်ထမ်းတွေကို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ သူတို့အတွက် ဂုဏ်ပြုပွဲကျင်းပပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့သောကြာနေ့မနက်က သန့်ရှင်းရေးဝန်ထမ်း ၂ ယောက် ရောက်လာမယ့်အချိန်မှာ လက်ဆောင်ပစ္စည်းတွေ၊ ဂုဏ်ပြုစာတမ်းတွေနဲ့ ကြိုဆိုခဲ့ကြပါတယ်။
ရှရက်နဲ့ ရစ်ချက်ဆန်တို့ဟာ မိုင်ယာမီကမ်းခြေမှာ အမှိုက်သိမ်းရမယ့်တာဝန်ကို တစ်ရက်မှ မပျက်ခဲ့ကြပါဘူး။ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကာလမှာ သူတို့ရဲ့တာဝန်ကျေပွန်မှုက ပတ်ဝန်းကျင် သန့်ရှင်းသာယာရေးအတွက် အဓိကကျခဲ့ပါတယ်။ ရှရက်နဲ့ ရစ်ချက်ဆန်တို့အတွက် ကျင်းပပေးတဲ့ဂုဏ်ပြုပွဲမှာ မိုင်ယာမီကမ်းခြေရဲ့ မြို့တော်ဝန် ဒန်ဂယ်ဘာလည်း လာရောက်ဂုဏ်ပြုခဲ့ပါတယ်။ သန့်ရှင်းရေးဝန်ထမ်း ရှရက်ကတော့ ဝမ်းသာလွန်းလို့ မျက်ရည်တောင် ကျခဲ့ပါတယ်။
''သူတို့ကို မြင်လိုက်ရတဲ့နေ့တိုင်း ကျွန်တော့်တို့ရဲ့တစ်နေ့တာက ပိုပြီးတောက်ပလာစေပါတယ်''လို့ ဒေသခံတစ်ဦးဖြစ်သူ အလန်ဝစ်ဘာ့ဂ်က ပြောပါတယ်။ '' သူတို့က အမှိုက်သိမ်းပေးရုံပဲ မဟုတ်ပါဘူး။ သူတို့နဲ့အတူ ယူဆောင်လာတဲ့ အကောင်းမြင် စိတ်ဓာတ်ခွန်အားတွေက တကယ့်ကို ထူးခြားလွန်းပါတယ်။ သူတို့က အမြဲတမ်းပြုံးနေတယ်။ သူတို့နဲ့ သိကျွမ်းသွားရင် သူတို့ကို ချစ်လာမှာပါ''လို့ ဂျနီဖာအီလီဂျန့်က ပြောပါတယ်။
Source - Yoyarlay
>>zawgyi<<

Tuesday, June 30 , 2020

0 comments:

Post a Comment