Tuesday, June 30, 2020

ဂူတာပြင်ဖြစ်စဉ်အပေါ် စစ်ဆေးဆောင်ရွက်သည့် စစ်တရားရုံး၏ ဆုံးဖြတ်ချက်နှင့် ပြစ်ဒဏ်ချမှတ်ချက်များ အတည်ပြု

ဂူတာပြင်ဖြစ်စဉ်နှင့်စပ်လျဉ်းသည့် စစ်တရားရုံး(Court-Martial)သည် သက်သေစုံလင်စွာဖြင့် စစ်ဆေးမှုများပြုလုပ်ခဲ့ရာ ၂၀၂၀ပြည့်နှစ်၊ အေပြီလ ၃၀ ရက်နေ့တွင် စစ်ဆေးမှုများပြီးစီးခဲ့ကြောင်း၊ စစ်တရားရုံး (Court-Martial)၏ စစ်ဆေးစီရင်မှုများအား သက်ဆိုင်ရာအတည်ပြုအာဏာပိုင်၏ ပြစ်ဒဏ်အတည်ပြုချက်ရရှိပါက ဆက်လက်ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း၊ မောင်နုကျေးရွာနှင့် ချွတ်ပြင်ကျေးရွာဖြစ်စဉ်များကို စုံစမ်းစစ်ဆေးရေးခုံရုံး (Court of Inquiry)ဖြင့် စစ်ဆေးဆောင်ရွက်မှုများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း ၂၀၂၀ပြည့်နှစ်၊ မေလ ၈ ရက်နေ့တွင် သတင်းထုတ်ပြန်ပြီး ဖြစ်ပါသည်။
ယခုအခါ ဂူတာပြင်ကျေးရွာဖြစ်စဉ်နှင့်စပ်လျဉ်းသည့် စစ်တရားရုံး(Court-Martial)က အရာရှိကြီးတစ်ဉီး၊ အရာရှိတစ်ဉီးနှင့် အခြားအဆင့်စစ်သည်တစ်ဉီးတို့အပေါ် သက်ဆိုင်ရာစွဲချက်အရ အပြစ်ရှိကြောင်း ဆုံးဖြတ် ချက်နှင့် ပြစ်ဒဏ် ချမှတ်ချက်တို့ကို သက်ဆိုင်ရာအတည်ပြုအာဏာပိုင်က အတည်ပြုပြီးဖြစ်ကြောင်း၊မောင် နုကျေးရွာနှင့် ချွတ်ပြင်ကျေးရွာဖြစ်စဉ်များကို စုံစမ်းစစ်ဆေးရေးခုံရုံး (Court of Inquiry) ဖြင့် စစ်ဆေးဆောင်ရွက်မှုများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့

0 comments:

Post a Comment