Tuesday, June 30, 2020

မြန်မာ-ထိုင်း မောတောင် နယ်စပ်ဂိတ် COVID-19 ကြောင့် တစ်လထပ်မံ ပိတ်ထားမည်

ကမ္ဘာတစ်ဝှမ်းတွင် လက်ရှိ ဖြစ်ပွားနေသော COVID-19 ကူးစက်ရောဂါကြောင့် ထိုင်းနိုင်ငံ အစိုးရအဖွဲ့၏ ကက်ဘိနက် အစည်း အဝေးတွင် ဆုံးဖြတ်ချက်အရ အရေးပေါ် ကြေငြာထုတ်ပြန်ချက်မှာ မြန်မာ- ထိုင်း မောတောင် နယ်စပ်ဂိတ်အား ဇူလိုင်လ ၃၁ ရက်နေ့ အထိ ထပ်မံ သက်တမ်းတိုး ပိတ်ထားရန် ဆုံးဖြတ်ခဲ့သည်။
၎င်း ထုတ်ပြန်ချက် အရ အရေးပေါ်ကြေငြာချက်သည်၊ နိုင်ငံတကာလေကြောင်း ပျံသန်းမှုများနှင့် နယ်စပ်ဂိတ် ဝင်ပေါက်များအပေါ်တွင် ဆက်လက်ပြီး ပိတ်ထားရ ကက်ဘိနက် အစည်း အဝေး ဆုံးဖြတ်ချက်အရ သတ်မှတ်ခဲ့သည်။
သို့သော် နိုင်ငံတကာ လေကြောင်းလိုင်းများကို အကန့်အသတ်မရှိ ပိတ်ထားမည်ဖြစ်သော်လည်း နယ်စပ်ဂိတ် ဝင်ပေါက်များမှာ သက်ဆိုင်ရာ ခရိုင်ဝန်များရဲ့ အခြေအနေပေါ် မူတည်၍ ပွင့်လှစ်ပေး နိုင်ရေး အတွက်ကို စဉ်းစား သုံးသပ် သွားမည် ဖြစ်ကြောင်း သိရ သည်။
လက်ရှိမှာ မြန်မာ- ထိုင်း မောတောင် နယ်စပ်ဂိတ်မှာ ထိုင်းဘက်က ပရကျွပ် ခီရီခန် ခရိုင် စင်ခွန် နယ်စပ်ဂိတ်မှာ အလားလာကောင်းမွန်နေခြင်းကြောင့် ပထမအဆင့်နေဖြင့် ကုန်ခြောက်များပေးသွား နိုင်ရန်အတွက်ကို စည်းမျဉ်းစည်းကမ်းများ ရေးဆွဲပြီး ဖွင့်လှစ်ပေးနိုင်ရေး အစီအစဉ်ကို နှစ်ဖက် ခရိုင်ဝန်များမှ ညှို့နှိုင်းသွားမည် ဖြစ်သည်။
Ref ; myeik onlinetv

0 comments:

Post a Comment