Tuesday, June 30, 2020

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ပိတ်ထားတဲ့ ပုပ္ပါးတောင်ကလပ်ကို ဇူလိုင် ၁ ရက်နေ့ ပြန်လည်ဖွင့်လှစ်မည်

ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပါးတောင်ကလပ်ကို ဇူလိုင် ၁ ရက် စတင်ပြီး ကိုဗစ်ကာလ စည်းကမ်းချက်တွေနဲ့အညီ ပြန်လည်ဖွင့်လှစ်တော့မှာဖြစ်တယ်လို့ ပုပ္ပါးတောင်ကလပ် ဂေါပက အဖွဲ့ထံက သိရပါတယ်။
“လာတဲ့ ဘုရားဖူးကို တောင်ကလပ်စောင်းတန်းနှစ်ခုဖြစ်တဲ့ ပတ္တမြားစောင်းတန်းနဲ့ ဆင်နှစ်ကောင်စောင်း တန်းမှာ ဝန်ထမ်းတွေချထားမယ်။ အဲဒီကနေပြီးတော့ အပူချိန်တိုင်းမယ်။ Mask တပ်ဖို့ စစ်ဆေးမယ်။ လာတဲ့နေရပ်ဒေသ၊ ဖုန်းနံပါတ်တို့ကို မှတ်တမ်းတင်ပြီးတော့ တက်ရောက် ဖူးမြော်ခွင့် ပြုသွားမယ်” လို့ တောင် ကလပ် ဂေါပကအဖွဲ့အတွင်းရေးမှူး ဦးဌေးမြင့်က ပြောပါတယ်။
လူအင်အားကိုလည်း အတတ်နိုင်ဆုံး လျှော့ချအသုံးပြုထားသလို မျောက်တွေအတွက် အစာရောင်းချသူ တွေကို တစ်နေ့ ၁၂ ဦးရောင်းချခွင့်ပြုထားရာက တရက် ၆ ဦးသာ ရောင်းချရန် ခွင့်ပြုထားသလို ဖူးမြော်ခွင့် အချိန်ကိုလည်း မနက် ၆ နာရီမှ ညနေ ၅ နာရီအထိ ခွင့်ပြုထားပါတယ်။
ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ပုပ္ပါးတောင်ကလပ်ကို ပြီးခဲ့တဲ့ မတ်လ ၂၇ ရက်က စတင် ပိတ်ထားခဲ့တာဖြစ်ပြီး တောင်ကလပ် ဈေးဆိုင်တန်းတွေကိုလည်း သတ်မှတ်စည်းကမ်းနဲ့ အညီ ဖွင့်လှစ်သွားမယ်လို့ ဂေါပကအဖွဲ့က ပြောပါတယ်။
Ref ; DVB

0 comments:

Post a Comment