Sunday, June 28, 2020

(၁၇) ကြိမ်မြောက် ထီစာအုပ်များ ယခင်လထက် ကျပ်သန်း ၅ထောင်ကျော် ပိုမိုရောင်းချခဲ့ရပြီး ဆုမဲများပိုမိုပါဝင်လာ

၂၀၂ဝခုနှစ် ၊ ဇူလိုင်လ ၁ရက်နေ့တွင် ဖွင့်လှစ်မည့် (၁၇) ကြိမ်မြောက် ၁၀၀၀ ကျပ်တန်အောင်ဘာ လေသိန်းဆုဖွင့်ပွဲအတွက် ထီစာအုပ်များရောင်းရငွေမှာ ယခင်လထက် ကျပ်သန်း ၅ထောင်ကျော် ပိုမိုရောင်းချခဲ့ရပြီး ဆုမဲများပိုမိုပါဝင်လာကြောင်း ပြည်တွင်း အခွန်များဦးစီးဌာန ၊ အောင်ဘာလေသိန်းဆုဌာနခွဲမှ သိရသည်။
ဇွန်လ(၁)ရက်နေ့တွင် ကျင်းပမည့် (၁၆) ကြိမ်မြောက် ၁၀၀၀ ကျပ်တန်အောင်ဘာလေသိန်းဆုဖွင့်ပွဲအတွက် “က”အ က္ခ ရာ မှ“ကဆ”ထိ စုစုပေါင်းအက္ခရာ(၄၀)လုံး၊ထီစာအုပ်(၃၂၇၂၇၂၀) အုပ်အားရောင်းချခဲ့ပြီး ထီစာအုပ် ရောင်းရငွေမှာ ကျပ် သန်း (၂၆၀၂ရဒသမ ၂၀၀) သန်းဖြစ်သည်။
လာမည့် (၁၇) ကြိမ်မြောက် ၁၀၀၀ ကျပ်တန်အောင်ဘာ လေသိန်းဆုဖွင့်ပွဲအတွက် “က” အက္ခရာမှ အစဉ်လိုက် “ကစ” အထိ စုစုပေါင်း အက္ခရာ ၃၉လုံးရောင်းချခဲ့ရပြီး ထီစာအုပ်ရေ (၃၁၉၀၉၀၂) အုပ်ရောင်းချခဲ့ရကာ ရောင်းချရငွေမှာ ၃၁၉၀၉ ဒသမ ၀၂ဝသန်းဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် ယခုလသည် ယခင်လကထက် ၅၈၈၁ ဒဿမ ၈၂ သန်းပိုမိုရောင်းချရခဲ့ရကြောင်း သိရသည်။
"ကျနော်တို့ ဒီတပတ်က အက္ခရာအလုံးရေ ၃၉ လုံးထုတ်တယ်။ ၃၉လုံး အကုန်ရောင်းပြီး တဲ့အတွက်ကြောင့် ဆုမဲ တွေများသွားတာ။ ရောင်းအားက ပုံမှန်အခြေနေပြန်ရောက်သွားတာပါ"ဟု ပြည်တွင်းအခွန်များဦးစီးဌာနမှ ညွှန်ကြား ရေးမှူးချုပ်ဦးမင်းထွဋ်က ပြောသည်။
လာမည့် (၁၇) ကြိမ်မြောက် ၁၀၀၀ ကျပ်တန်အောင်ဘာ လေသိန်းဆုဖွင့်ပွဲအတွက် ထီလက်မှတ်ရောင်းရငွေ ကျပ်သန်း (၃၁၉၀၉ ဒသမ ၀၂၀) ၏ ၆၀% ဖြစ်သည့် ကျပ်သန်း (၁၉၁၄၅ ဒသမ ၄၁၂) ကို ထီဆု များအဖြစ် ပြန်လည်ခွဲဝေ ချီးမြင့်မည်ပြီး ခွဲဝေချီးမြှင့်ပေးမည့် ထီဆုငွေများမှာ အထူးဆုကြီးစနစ်တွင် ကျပ်သိန်းတစ်သောင်းငါးထောင်(၁) ဆု ၊ ကျပ်သိန်းတစ်သောင်း (၁) ဆု ၊ ကျပ်သိန်း ငါးထောင် (၂) ဆု ကျပ်သိန်းနှစ်ထောင် (၅) ဆု၊ ကျပ်သိန်းတစ်ထောင် (၇) ဆု ၊ ဆုတစ်ဆုချင်းစနစ်တွင် ကျပ် သိန်း ငါးရာ (၁၈) ဆု ၊ ကျပ်သိန်း နှစ် ရာ(၂၁) ဆု ကျပ်သိန်းတစ်ရာ (၂၆) ဆုကျပ်သိန်းငါးဆယ် (၂၆) ဆု ၊ ကျပ်သိန်းနှစ်ဆယ် (၂၉) ဆု ၊ ကျပ်ဆယ်သိန်း(၃၂) ဆုဝေဝေဆာဆာပဒေသာဆုမဲစနစ်တွင် ကျပ် သုံးသိန်း (၁၅၀) ဆု ၊ ကျပ် နှစ်သိန်း (၁၅၀၀) ဆု ၊ ကျပ် တစ်သိန်း (၁၈၀၀၀) ဆုကျပ် ငါးသောင်း (၂၀၀၀၀၀) ဆုတို့ဖြစ်ကြောင်း သိရသည်။
ထို့အပြင် သတ်မှတ်ကာလအတွင်း လာရောက်ထုတ်ယူခြင်းမရှိသော ဆုမဲများ၏ ဘဏ္ဍာသိမ်း ရငွေမှ ကျပ်သန်း၂၅ဝအား တဆုချင်းမဲ ကျပ်၁ဝသိန်း (၄)ဆု နှင့် ဝေဝေဆာဆာဆုမဲများဖြစ်သည့် ကျပ်၃သိန်း (၂ဝဆု) ၊ကျပ် ၂ သိန်း (၂၀၀) ဆု၊ ကျပ်၁သိန်း (၂၀၀၀) ဆု ၊ စုစုပေါင်း (၂၂၂၄) ဆုကို ထပ်မံချီးမြှင့်မည်ဖြစ်ကြောင်းသိရသည်။
Ref-News Watch #Myanmar_Online_News
>>zawgyi<<
(၁၇) ကြိမ်မြောက် ထီစာအုပ်များ ယခင်လထက် ကျပ်သန်း ၅ထောင်ကျော် ပိုမိုရောင်းချခဲ့ရပြီး ဆုမဲများပိုမိုပါဝင်လာ
Sunday, June 28, 2020
၂၀၂ဝခုနှစ် ၊ ဇူလိုင်လ ၁ရက်နေ့ တွင် ဖွင့်လှစ်မည့် (၁၇) ကြိမ်မြောက် ၁၀၀၀ ကျပ်တန်အောင်ဘာ လေသိန်းဆုဖွင့်ပွဲအတွက် ထီစာအုပ်များရောင်းရငွေမှာ ယခင်လထက် ကျပ်သန်း ၅ထောင် ကျော် ပိုမိုရောင်းချခဲ့ရပြီး ဆုမဲများပိုမိုပါဝင်လာကြောင်း ပြည်တွင်း အခွန်များဦးစီးဌာန ၊ အောင်ဘာလေသိန်းဆုဌာနခွဲမှ သိရသည်။
ဇွန်လ(၁)ရက်နေ့တွင် ကျင်းပမည့် (၁၆) ကြိမ်မြောက် ၁၀၀၀ ကျပ်တန်အောင်ဘာလေသိန်းဆုဖွင့်ပွဲအတွက် “က”အ က္ခ ရာ မှ“ကဆ”ထိ စုစုပေါင်းအက္ခရာ(၄၀)လုံး၊ထီစာအုပ်(၃၂၇၂၇၂၀) အုပ်အားရောင်းချခဲ့ပြီး ထီစာအုပ် ရောင်းရငွေမှာ ကျပ် သန်း (၂၆၀၂ရဒသမ ၂၀၀) သန်းဖြစ်သည်။
လာမည့် (၁၇) ကြိမ်မြောက် ၁၀၀၀ ကျပ်တန်အောင်ဘာ လေသိန်းဆုဖွင့်ပွဲအတွက် “က” အက္ခရာမှ အစဉ်လိုက် “ကစ” အထိ စုစုပေါင်း အက္ခရာ ၃၉လုံးရောင်းချခဲ့ရပြီး ထီစာအုပ်ရေ (၃၁၉၀၉၀၂) အုပ်ရောင်းချခဲ့ရကာ ရောင်းချရငွေမှာ ၃၁၉၀၉ ဒသမ ၀၂ဝသန်းဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် ယခုလသည် ယခင်လကထက် ၅၈၈၁ ဒဿမ ၈၂ သန်းပိုမိုရောင်းချရခဲ့ရကြောင်း သိရသည်။
"ကျနော်တို့ ဒီတပတ်က အက္ခရာအလုံးရေ ၃၉ လုံးထုတ်တယ်။ ၃၉လုံး အကုန်ရောင်းပြီး တဲ့အတွက်ကြောင့် ဆုမဲ တွေများသွားတာ။ ရောင်းအားက ပုံမှန်အခြေနေပြန်ရောက်သွားတာပါ"ဟု ပြည်တွင်းအခွန်များဦးစီးဌာနမှ ညွှန်ကြား ရေးမှူးချုပ်ဦးမင်းထွဋ်က ပြောသည်။
လာမည့် (၁၇) ကြိမ်မြောက် ၁၀၀၀ ကျပ်တန်အောင်ဘာ လေသိန်းဆုဖွင့်ပွဲအတွက် ထီလက်မှတ်ရောင်းရငွေ ကျပ်သန်း (၃၁၉၀၉ ဒသမ ၀၂၀) ၏ ၆၀% ဖြစ်သည့် ကျပ်သန်း (၁၉၁၄၅ ဒသမ ၄၁၂) ကို ထီဆု များအဖြစ် ပြန်လည်ခွဲဝေ ချီးမြင့်မည်ပြီး ခွဲဝေချီးမြှင့်ပေးမည့် ထီဆုငွေများမှာ အထူးဆုကြီးစနစ်တွင် ကျပ်သိန်းတစ်သောင်းငါးထောင်(၁) ဆု ၊ ကျပ်သိန်းတစ်သောင်း (၁) ဆု ၊ ကျပ်သိန်း ငါးထောင် (၂) ဆု ကျပ်သိန်းနှစ်ထောင် (၅) ဆု၊ ကျပ်သိန်းတစ်ထောင် (၇) ဆု ၊ ဆုတစ်ဆုချင်းစနစ်တွင် ကျပ် သိန်း ငါးရာ (၁၈) ဆု ၊ ကျပ်သိန်း နှစ် ရာ(၂၁) ဆု ကျပ်သိန်းတစ်ရာ (၂၆) ဆုကျပ်သိန်းငါးဆယ် (၂၆) ဆု ၊ ကျပ်သိန်းနှစ်ဆယ် (၂၉) ဆု ၊ ကျပ်ဆယ်သိန်း(၃၂) ဆုဝေဝေဆာဆာပဒေသာဆုမဲစနစ်တွင် ကျပ် သုံးသိန်း (၁၅၀) ဆု ၊ ကျပ် နှစ်သိန်း (၁၅၀၀) ဆု ၊ ကျပ် တစ်သိန်း (၁၈၀၀၀) ဆုကျပ် ငါးသောင်း (၂၀၀၀၀၀) ဆုတို့ဖြစ်ကြောင်း သိရသည်။
ထို့အပြင် သတ်မှတ်ကာလအတွင်း လာရောက်ထုတ်ယူခြင်းမရှိသော ဆုမဲများ၏ ဘဏ္ဍာသိမ်း ရငွေမှ ကျပ်သန်း၂၅ဝအား တဆုချင်းမဲ ကျပ်၁ဝသိန်း (၄)ဆု နှင့် ဝေဝေဆာဆာဆုမဲများဖြစ်သည့် ကျပ်၃သိန်း (၂ဝဆု) ၊ကျပ် ၂ သိန်း (၂၀၀) ဆု၊ ကျပ်၁သိန်း (၂၀၀၀) ဆု ၊ စုစုပေါင်း (၂၂၂၄) ဆုကို ထပ်မံချီးမြှင့်မည်ဖြစ်ကြောင်းသိရသည်။
Ref-News Watch #Myanmar_Online_News

0 comments:

Post a Comment