Monday, June 29, 2020

နောင်ချို ၊ ကျောက်မဲ၊ သီပေါမြို့များရှိ ကမ္ဘောဇဘဏ်မှ ငွေခြိမ်းခြောက်တောင်းခံခဲ့သော SSPP အဖွဲ့ဝင်များကို ခေါ်ယူစစ်ဆေးနေကြောင်း SSPP အဖွဲ့ပြောကြား

ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချို ၊ ကျောက်မဲ၊ သီပေါမြို့တွေမှာရှိတဲ့ ကမ္ဘောဇဘဏ်ခွဲတွေဆီကနေ ငွေတောင်းခံခဲ့တဲ့ SSPP အဖွဲ့ဝင်တွေကို SSPP ဌာနချုပ်က ခေါ်ယူစစ်ဆေးနေကြောင်း သိရပါသည်။
အဆိုပါ ပိတ်ထားတဲ့ ကမ္ဘောဇဘဏ်ခွဲတွေ လုပ်ငန်းတွေပြန်လည်လုပ်ကိုင်နိုင်ကြောင်း၊ လုံခြုံရေးပိုင်းဆိုင်ရာ နဲ့ပတ်သက်ပြီး SSPP တပ်ဖွဲ့ ဗဟိုတာဝန်ရှိသူတွေက ဘဏ်နဲ့ ဝန်ထမ်းတွေလုံခြုံရေးများကို အာမခံပါကြောင်း မနေ့ နေ့လယ်ပိုင်းမှာ SSPP ဌာနချုပ် ဝမ်ဟိုင်းမှာ RFA နဲ့ တွေ့ဆုံပြီး ရှင်းလင်းပြောဆိုခဲ့တာ ဖြစ်သည်။
SSPP တပ်မဟာ (၉၉၉) က တပ်သားတွေက ကျောက်မဲမြို့က မ္ဘောဇဘဏ်ကို ငွေကြေးတောင်းခံပြီး ခြိမ်းခြောက်ခဲ့လို့ တပ်မဟာမှူး အပါအဝင် သုံးဦးကို ဌာနချုပ်မှာ ခေါ်ယူစစ်ဆေးနေတယ်လို့ SSPP အဖွဲ့ပြောခွင့်ရသူ ဒုတိယ ဗိုလ်မှူးကြီး စိုင်းစုက ပြောပါတယ်။ အဲဒီဘဏ်တွေကနေ ငွေဘယ်လောက်ထိ တောင်းခံခဲ့တယ်ဆိုတာကိုတော့ ထုတ်ဖော်ပြောကြားတာ မရှိခဲ့ပါဘူး။
အောက်ခြေတပ်သားတွေကို ဘဏ်တွေမှာ ငွေကောက်ခံခိုင်းတာမရှိဘဲ ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်မှသာ SSPP ဗဟိုကနေ တိုက်ရိုက်အကူအညီ တောင်းခံတာမျိုးပဲရှိတယ်လို့ ပြောပါတယ်။
ကမ္ဘောဇဘဏ်ဖက်ကတော့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကာလအတွင်း ကျောက်မဲ၊ သီပေါနဲ့ နောင်ချို ဘဏ်သုံးခုကို ဇွန်လ ၂၂ ရက်နေ့ကနေစပြီး ပိတ်ထားမယ်လို့သာ သတင်းထုတ်ပြန်ထားပါတယ်။
အဲဒီကဒေသခံတွေအနေနဲ့ ပြင်ဦးလွင်မှာရှိတဲ့ ကမ္ဘောဇဘဏ်နဲ့ ငွေကြေးကိစ္စချိတ်ဆက် ဆောင်ရွက်နိုင်သလို သီပေါဒေသခံတွေကတော့ လားရှိုး ကမ္ဘောဇဘဏ်နဲ့ ချိတ်ဆက်ဆောင်ရွက်နိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။
Crd : စစ်တမာန် #Myanmar_Online_News

0 comments:

Post a Comment