Sunday, June 28, 2020

အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်

ကျောင်းဖွင့်ချိန်တွင် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာပညာသင်ကြား နိုင်ရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေး အတွက် ယနေ့တွင် ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများက ကျောင်းဝင်းများအတွင်း၊ အပြင်ရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင် ရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်စေရန် ရေမြောင်းများ တူးဖော်ပေးခြင်း၊ စာသင်ခန်းများ အတွင်း သန့်ရှင်းရေးပြုလုပ်ခြင်း၊ စာသင်ခုံများ၊ သင်ထောက်ကူပစ္စည်းများ ပြန်လည် ပြုပြင် ပေးခြင်း၊ အမှိုက်များရှင်းလင်းခြင်း၊ အဘိတ်ဆေးခတ်ခြင်းနှင့် ပိုးသတ်ဆေးဖျန်းပေးခြင်းစသည့် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
crd-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး #Myanmar_Online_News
>>zawgyi<<
အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်
Sunday, June 28, 2020
ကျောင်းဖွင့်ချိန်တွင် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာပညာသင်ကြား နိုင်ရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေး အတွက် ယနေ့တွင် ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများက ကျောင်းဝင်းများ အတွင်း၊ အပြင်ရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင် ရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်စေရန် ရေမြောင်းများ တူးဖော်ပေးခြင်း၊ စာသင်ခန်းများ အတွင်း သန့်ရှင်းရေးပြုလုပ်ခြင်း၊ စာသင်ခုံများ၊ သင်ထောက်ကူပစ္စည်းများ ပြန်လည် ပြုပြင် ပေးခြင်း၊ အမှိုက်များရှင်းလင်းခြင်း၊ အဘိတ်ဆေးခတ်ခြင်းနှင့် ပိုးသတ်ဆေးဖျန်းပေးခြင်းစသည့် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
crd-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး #Myanmar_Online_News

0 comments:

Post a Comment