Monday, June 29, 2020

COVID-19 ကူးစက်မှုကြောင့် သေဆုံးခဲ့သူများအတွက် အီတလီတွင် အောက်မေ့ဖွယ်အခမ်းအနား ကျင်းပ

အီတလီနိုင်ငံရှိ COVID-19 ကူးစက်ဖြစ်ပွားမှုဒဏ်ကို အဆိုးဝါးဆုံး ခံစားခဲ့ရသည့် ပြည်နယ်များထဲမှ တစ်ခုဖြစ်သည့် Bergamo ပြည်နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးခဲ့ရသူများအတွက် အောက်မေ့ဖွယ်အခမ်းအနားကို ဇွန်(၂၈)ရက်နေ့က ကျင်းပခဲ့ကြောင်း သိရပါသည်။
အီတလီနိုင်ငံတွင် COVID-19 ကူးစက်ဖြစ်ပွားသူ နှစ်သိန်းလေးသောင်းကျော်ရှိပြီး သေဆုံးသူ သုံးသောင်းငါးထောင်နီးပါးထိ ရှိသွားပြီဖြစ်ကာ ပထမဆုံး ကူးစက်မှုကို ပြီးခဲ့သည့် ဖေဖော်ဝါရီလနောက်ပိုင်းက တွေ့ရှိခဲ့တာ ဖြစ်ပါသည်။

အီတလီနိုင်ငံကို ကိုယ်စားပြုသည့် Bergamo ပြည်နယ်သည် ဒဏ်ရာများနှင့် ပြည့်နှက်နေခဲ့သလို ဝမ်းနည်းပူဆွေးမှုများကိုလည်း ရင်ဆိုင်ခဲ့ရပါကြောင်း သမ္မတ Sergio Mattarella က ပြောကြားခဲ့ပါသည်။ ၎င်းအခမ်းအနားကို နိုင်ငံတစ်ဝန်းတွင် ထုတ်လွှင့်ပြသခဲ့ပါသည်။
Crd : MRTV

0 comments:

Post a Comment