Tuesday, June 30, 2020

Covid - 19 ကြောင့် ပိတ်မိနေသော မြန်မာနိုင်ငံသား စုစုပေါင်း (၁၂၉ ) ဦးအား ရန်ကုန်မြို့သို့ ပြန်လည်ပို့ဆောင်

ကမ္ဘာတစ်ဝန်း၌ COVID-19 ရောဂါ ကူးစက်ပြန့်ပွားနေခြင်းကြောင့် နိုင်ငံတကာလေကြောင်း လိုင်းများ ပျံသန်းမှုယာယီရပ်ဆိုင်းထားသည့်ကာလအတွင်း ကိုရီးယားသမ္မတနိုင်ငံနှင့် အခြား နိုင်ငံအချို့တို့တွင် အကြောင်းအမျိုးမျိုးကြောင့် အခက်အခဲဖြစ်နေပြီး၊ မဖြစ်မနေအပြီးပြန်လည်ထွက်ခွာရန် လိုအပ်နေသော မြန်မာနိုင်ငံသားများအား (၁၁)ကြိမ်မြောက် ကယ်ဆယ်ရေး လေယာဉ် (Relief Flight)အဖြစ် မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း (MAI)ဖြင့် (၃၀-၆-၂၀၂၀) ရက်နေ့၊ (၁၇:၁၀) နာရီအချိန်တွင် အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရန်ကုန်မြို့သို့ ပြန်လည် ပို့ဆောင်ပေးခဲ့ပါသည်။
ယင်းကယ်ဆယ်ရေးလေယာဉ်တွင် ကိုရီးယားသမ္မတနိုင်ငံရှိ မြန်မာနိုင်ငံသား(၆၉)ဦး၊အမေရိကန်ပြည်ထောင် စု၊ ဗြိတိန်နိုင်ငံ၊ နော်ဝေနိုင်ငံ၊ ဂျပန်နိုင်ငံ၊ ဘယ်လ်ဂျီယံနိုင်ငံ၊ ကနေဒါနိုင်ငံ၊ ဂျာမနီနိုင်ငံ၊ ဗီယက်နမ်နိုင်ငံနှင့်တောင်ဆူဒန်နိုင်ငံတို့မှ လာရောက်လိုက်ပါသည့် မြန်မာနိုင်ငံသား (၅၀)ဦးနှင့် မြန်မာသင်္ဘောသား (၁၀)ဦး၊ စုစုပေါင်း (၁၂၉) ဦးတို့ လိုက်ပါသွားကြပါသည်။
ယင်းလေကြောင်းလိုင်းဖြင့် ထွက်ခွာမည့် မြန်မာနိုင်ငံသားများအနေဖြင့် လေယာဉ်စီးနင်း လိုက်ပါမည့်နေ့ရက်တွင် လေဆိပ်၌ တစ်စုံတစ်ရာအခက်အခဲ မဖြစ်ပေါ်စေရန်၊ ဖြစ်ပေါ်လာပါက ဖြေရှင်း ဆောင်ရွက်ပေးနိုင်ရန်နှင့် Transit ခရီးစဉ်အဖြစ် လိုက်ပါစီးနင်းမည့် နိုင်ငံသားများ အဆင်ပြေချောမွေ့စေရန်အတွက် မြန်မာသံရုံးဝန်ထမ်းများမှ လေဆိပ်သို့ သွားရောက်ကာ လိုအပ်သည်များ ချိတ်ဆက်ကူညီဆောင်ရွက်ပေးခဲ့ပါသည်။
Ref ; Myanmar Embassy, Seoul

0 comments:

Post a Comment