Monday, June 29, 2020

အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF)အနေဖြင့် မြန်မာနိုင်ငံကို အရေးပေါ်ချေးငွေ အမေရိကန်ဒေါ်လာ ၃၅၆သန်း ထုတ်ချေးမည်ဖြစ်ကြောင်းသိရ

အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF)က Covid 19 ကြောင့် မြန်မာနိုင်ငံရဲ့ ငွေကြေးလိုအပ်မှုကို အထောက်အကူပြုဖို့ အရေးပေါ်ချေးငွေ အမေရိကန်ဒေါ်လာ ၃၅၆သန်း ထုတ်ချေးသွားမယ်လို့ ထုတ်ပြန်လိုက်ပါတယ်။
အခုလို နိုင်ငံတကာက ပြည်တွင်းစီးပွားရေး ပြန်လည်ဦးမော့လာဖို့ ကူညီတာတွေကို ကြိုဆိုတယ်လို့ စီးပွားရေး လုပ်ငန်းရှင် ဒေါက်တာစိုးထွန်းကပြောပါတယ်။
"လက်ရှိ ပြန်လည်ထူထောင်ရေးကတော့ ပိုက်ဆံဘဲချေးပေးနေတယ်ပေါ့။ ပိုက်ဆံရတယ်ဆိုရင် ဘာဘဲ ပြောပြော စီးပွားရေးပြန်လည်ထူထောင်ရေးအတွက် အထောက်အကူပြုမှာပေါ့။ ဘယ်လောက်ကြီး ဘာဖြစ် မယ်ဆိုတာတော့ တိတိကျကျပြောလို့မရသေးဘူးပေါ့။ ဒါပေမယ့် ဘာဘဲဖြစ်ဖြစ်ကောင်းပါတယ်။ ကျွန်တော်တို့ ကတော့ ကြိုဆိုပါတယ်။ ဒါကလည်းပြန်လည်ထူထောင်ဖို့အတွက် တတ်နိုင်သမျှဆောင်ရွက်နေတာပေါ့။ အား လုံးချည်း ပြည့်စုံအောင်ဆောင်ရွက်သေးတာတော့မဟုတ်ဘူးပေါ့။ စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍကိုလည်း ပို ထည့်ပေးနိုင်ရင်ကောင်းတာပေါ့။ ဒါမှလည်း ကျွန်တော်တို့ ကုန်ထုတ်စွမ်းအားတက်လာမယ်" လို့ ဒေါက်တာစိုးထွန်းကဆိုပါတယ်။
IMF ဒါရိုက်တာအဖွဲ့က Rapid Credit Facility (RCF) ခေါင်းစဉ်အောက်ကနေ မြန်မာနိုင်ငံအတွက် အမေရိကန် ဒေါ်လာ ၁၁၈ ကျော် နဲ့ Rapid Fanancing Instrument (RFI) ခေါင်းစဉ်အောက်က ဒေါ်လာ ၂၃၇ သန်းကို ထုတ်ချေးသွားမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံက IMF ဆီက ချေးငွေ ဒေါ်လာသန်း ၇၀၀ ကို (RCF) နဲ့ (RFI) ခေါင်းစဉ်အောက်မှ ပထမအကြိမ်ရရှိ ထားပါတယ်။ ဒီချေးငွေတွေရယူဖို့လည်း မေလက ပြည်ထောင်စုလွတ်တော်မှာ အတည်ပြုချက်ရရှိပြီး ဖြစ်ပါတယ်။

0 comments:

Post a Comment