Monday, June 29, 2020

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း ရွေးကောက်ပွဲ ထပ်မံဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရ

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းသည် လာမည့် ၂၀၂၀ အထွေထွေရွေး ကောက်ပွဲတွင် ကရင်ပြည်နယ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်မှ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း မြ၀တီမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဗိုလ်ထံမှ သိရသည်။
"ကျွန်တော်တို့ မြ၀တီမြို့နယ် မဲဆန္ဒနယ်ကနေ မန်းဝင်းခိုင်သန်းက ဝင်ရောက်ယှဉ် ပြိုင်သွားမှာပါ။ အရင် ၂၀၁၅ က ပြိုင်ခဲ့တဲ့နေရာပဲ ဖြစ်ပါတယ်။ သို့သော် ကော်မရှင်ကလည်း ထုတ်ပြန်ထားတာရှိပါတယ်။ အပြောင်းအလဲလေးတွေရှိမယ်ဆိုတာကို အားလုံးသိပြီးဖြစ်ပါ တယ်။ မဲဆန ́နယ်ကိုလည်းပဲ ဟိုတုန်းကလို ခရိုင်နဲ့ မြို့နယ်ကို အက္ခရာအစဉ်လိုက်သွားမယ် ဆိုတော့ မဲဆန ́နယ်အမှတ်တွေတော့ အပြောင်းအလဲတော့ ရှိပါလိမ့်မယ်"ဟု မြ၀တီမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဗိုလ်က ပြောဆိုသည်။
မန်းဝင်းခိုင်သန်းသည် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ၌ ကရင်ပြည်နယ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ်(၈) မြ၀တီမြို့နယ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရရှိခဲ့ပြီး လက်ရှိ တွင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတာဝန် ယူ ဆောင်ရွက်လျက်ရှိသည်။
Crd : The Myanmar Times

0 comments:

Post a Comment