
ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပပြုလုပ်သည့် Victory Day of Great Patriotic War (၇၅)နှစ်မြောက် အထိမ်းအမှတ်စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ခဲ့သည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ဝင် ၁၅ ဦးနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိရန် အခက်အခဲရှိသည့် ပညာတော်သင် သင်တန်း သား၊ သင်တန်းသူ ၂၂ ဦးသည် ဇွန် ၂၅ ရက် ညပိုင်းတွင် နေပြည်တော်လေဆိပ်သို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး သတ်မှတ်ထားသည့်နေရာများ၌ Home  Quarantine / Facilities  Quarantine    စနစ်တကျနေထိုင်ခဲ့သည်။
ယနေ့တွင် ၎င်းမြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ သင်တန်းသား၊ သင်တန်းသူများကို နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ် ရယူ၍ Polymerase Chain Reation (PCR)နည်းဖြင့် ဓာတ်ခွဲစစ်ဆေးခဲ့ရာ ၎င်းတို့တွင်  COVID-19 ရောဂါပိုးတွေ့ရှိမှု မရှိ(မရှိ)ကြောင်း သတင်းရရှိသည်။

သတင်းစဉ်
 






 
 
 
 
 
0 comments:
Post a Comment