Tuesday, June 30, 2020

ဒလတံတားတည်ဆောက်ရေးလုပ်ငန်းခွင်ရေလယ်တိုင် ပိုင်ရိုက်စဉ် တရုတ်နိုင်ငံသားတစ်ဦးမြစ်အတွင်း ခြေချော်ပြုတ်ကျ လိုက်လံရှာဖွေလျှက်ရှိ

ကိုရီးယား-မြန်မာချစ်ကြည်ရေးဒလတံတားတည်ဆောက်ရေးလုပ်ငန်းခွင် ရေလယ်တိုင် တည်ဆောက်ရေး ကုမ္ပဏီမှ ညဆိုင်းတံတားတည်ဆောက်ရေးအဖွဲ့တွင် ရေလယ်တိုင်ပိုင်ရိုက်ရန်ဆောင်ရွက်နေစဉ် တရုတ်နိုင်ငံသားတစ်ဦးချေချော်ကာ ရန်ကုန်မြစ်အတွင်း ရေထဲသို့ယမန်နေ့ ဇွန် ၂၈ ရက်၊ ည(၉)နာရီခန့်အချိန်ကပြုတ်ကျခဲ့ကြောင်း၊ လိုက်လံရှာဖွေလျှက်ရှိကြောင်းသိရသည်။
အဆိုပါ တရုတ်နိုင်ငံသား(အမျိုးသား)မှာ အလုပ်သမားခေါင်းဆောင်ဖြစ်ပြီး ဒလဘက်ကမ်းရှိ လုပ်ငန်းခွင် ဧရိယာ working platformတွင် လုပ်ငန်းများဆောင်ရွက်နေစဉ် ဇွန်လ ၂၈ ရက်ည ၈နာရီ မိနစ် ၅၀အချိန် ခန့် က ပြုတ်ကျခဲ့ခြင်းဖြစ်ပြီး ယနေ့(ဇွန်လ ၂၉ရက်) ညပိုင်းအထိ ရှာမတွေ့သေးကြောင်း သိရသည်။
ဓာတ်ပုံ-Oliver tzz
ကိုဂျိမ်း(ဒလ)

0 comments:

Post a Comment