Tuesday, June 30, 2020

တရုတ်နိုင်ငံမှ အမျိုးသားလုံခြုံရေးဥပဒေ ပြဋ္ဌာန်းခဲ့ပြီးနောက် ဟောင်ကောင်သို့ သွားရောက်မည့် ထိုင်ဝမ်နိုင်ငံသားများအတွက် အန္တရာယ်ရှိကြောင်း ထိုင်ဝမ်မှ သတိပေး ပြောကြား

တရုတ်ပါလီမန်မှ ဟောင်ကောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအပေါ် အမျိုးသားလုံခြုံရေးဥပဒေ ပြဋ္ဌာန်းခဲ့ပြီးနောက် ဟောင်ကောင်သို့ သွားရောက်မည့် ထိုင်ဝမ်နိုင်ငံသားများအတွက် အန္တရာယ်ရှိကြောင်း ထိုင်ဝမ်မှ ဇွန်လ ၃၀ ရက်နေ့က သတိပေးပြောကြားခဲ့ပါသည်။
ထိုင်ဝမ်သမ္မတမှ အမျိုးသားလုံခြုံရေးဥပဒေနှင့်ပတ် သက်၍ စိတ်ပျက်မိကြောင်း ပြောကြားခဲ့ပါသည်။
ဟောင်ကောင်အပေါ် ပြဋ္ဌာန်းခဲ့သည့် လုံခြုံရေးဥပဒေသည် လွန်ခဲ့သော ၂၃ နှစ် က တရုတ်အုပ်ချုပ်မှုအောက်သို့ ပြန်လည်ရောက်ရှိခဲ့သည့်အချိန်မှစ၍ ယခင် ဗြိတိသျှ ကိုလိုနီလက်ထက် အုပ်ချုပ်ခဲ့သည့် နေထိုင်မှုဘဝပုံစံကို အကြီးအကျယ်ပြောင်းလဲစေခဲ့ ပါသည်။
အဆိုပါ ဥပဒေသစ်သည် ဟောင်ကောင်ရှိလွတ်လပ်ခွင့်၊ ဒီမိုကရေစီနှင့် လူ့အခွင့် အရေးများအပေါ် အလွန်သက်ရောက်မှုရှိနိုင်ကြောင်း ထိုင်ဝမ်အစိုးရအဖွဲ့မှ ထုတ်ပြန် ကြေညာချက်တွင် ပြောကြားခဲ့ပါသည်။ ထိုင်ဝမ်အနေဖြင့် ဟောင်ကောင်ပြည်သူများ အား ဆက်လက်ကူညီပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ထိုင်ဝမ်အစိုးရ အဖွဲ့မှ ပြောကြား ခဲ့ပါသည်။
အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Evian Ting မှ “အဆိုပါလုပ်ဆောင်မှုသည် ဟောင်ကောင်လူ့အဖွဲ့အစည်း၏ လွတ်လပ်မှု၊ လူ့အခွင့်အရေးနှင့် တည်ငြိမ်အေးချမ်းမှု အပေါ် အလွန်သက်ရောက်မှုရှိနိုင်ကြောင်း၊ ထိုင်ဝမ်အစိုးရအနေဖြင့် ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချကြောင်းနှင့် ဟောင်ကောင်ပြည်သူများ၏ ဒီမိုကရေစီနှင့် လွတ်လပ်ခွင့် ရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်မှုများတွင် ကူညီပေးသွားမည်ဖြစ်ကြောင်း” ပြောကြား ခဲ့ပါသည်။
ဘေဂျင်းနှင့်ဟောင်ကောင်ရှိ အာဏာပိုင်များမှ ၎င်းဥပဒေသည် ဟောင်ကောင် တွင် ပြဿနာဖန်တီးနေသူ များအတွက် ရည်ရွယ်ပြဋ္ဌာန်းခြင်းဖြစ်ပြီး လူ့အခွင့်အရေးများ၊ လွတ်လပ်ခွင့်များနှင့် ရင်းနှီးမြှုပ်နှံသူ များ၏ အကျိုးစီးပွားများကို ထိခိုက်စေမည် မဟုတ်ကြောင်း ထပ်တလဲလဲပြောကြားခဲ့ပါသည်။
Evian Ting မှ ဟောင်ကောင်သို့သွားရောက်မည့် ထိုင်ဝမ်နိုင်ငံသားများအတွက် အန္တရာယ်ရှိကြောင်းပြောကြားခဲ့သော်လည်း အသေးစိတ်ပြောကြားခဲ့ခြင်းမရှိပါ။ ထိုင်ဝမ်သမ္မတ Tsai Ing-wen မှ ဟောင်ကောင်ပြည်သူများအပေါ် တရုတ် နိုင်ငံ၏ ထိန်းချုပ်မှုများ ပိုမိုတင်းကျပ်လာသည့်အတွက် ၎င်းတို့အား ကူညီပံ့ပိုးပေးမည် ဟု ကတိကဝတ်ပြုခဲ့ပြီး တရုတ်နိုင်ငံမှ ပြဋ္ဌာန်းသည့်ဥပဒေနှင့်ပတ်သက်၍ အလွန် စိတ်ပျက်မိကြောင်း ပြောကြားခဲ့ပါသည်။
Tsai Ing-wen မှ မိမိအနေဖြင့် “ဟောင်ကောင်ပြည်သူများသည် ၎င်းတို့မြတ်နိုး တန်ဖိုးထားသည့် လွတ်လပ်မှု၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများကို ဆက်လက် ထိန်းသိမ်းသွားမည်ဟု မျှော်လင့်ကြောင်း” သတင်း ထောက်များအား ပြောကြားခဲ့ပါသည်။
ထိုင်ဝမ်သည် ဟောင်ကောင်မှထွက်ပြေးရန်စဉ်းစားနေသူများကို ကူညီရန်အတွက် သီးသန့်ရုံးခန်းတစ်ခုကို ဇူလိုင်လ ၁ ရက်နေ့တွင် စတင်ရန် စီစဉ်ထားပါသည်။ ဇူလိုင်လ ၁ ရက်နေ့သည် ၁၉၉၇ ခုနှစ်တွင် ဗြိတိန်နိုင်ငံမှ “ တစ်နိုင်ငံ၊ စနစ်နှစ်ခု မူဝါဒ” အရ ကျယ်ပြန့်သောလွတ်လပ်ခွင့်များပေးရန် ကတိကဝတ်နှင့်အတူ ဟောင်ကောင်အား တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့သည့် နှစ်ပတ်လည်နေ့ ဖြစ်ပါသည်။
ထိုင်ဝမ်သမ္မတ Tsai Ing-wen မှ ၎င်းဥပဒေတွင် ဖော်ပြထားသည့် နည်းလမ်း များသည် ဖြစ်နိုင်ချေမရှိကြောင်းနှင့် ထိုင်ဝမ်အနေဖြင့် ဟောင်ကောင်မှ ရွှေ့ပြောင်းလာ သူများအတွက် လူသားချင်းစာနာထောက် ထားမှုအကူအညီများ ပေးအပ်သွားမည်ဖြစ် ကြောင်း” ပြောကြားခဲ့ပါသည်။
တရုတ်နိုင်ငံအနေဖြင့် ဟောင်ကောင်၏ လွတ်လပ်ခွင့်များကို ချုပ်နှောင်ထားခြင်း မရှိကြောင်း ပြောကြားခဲ့ပြီး ထိုင်ဝမ်သမ္မတ Tsai Ing-wen ၏ ပြောကြားမှုကို ပြစ်တင် ဝေဖန်ခဲ့ပါသည်။
Ref ; Reuters

0 comments:

Post a Comment