Tuesday, June 30, 2020

အမေရိကန်သမ္မတ ထရမ့်ကို အီရန်က ဖမ်းဝရမ်းထုတ်

ပြီးခဲတဲ့ ဇန်နဝါရီလအတွင်းက အီရန်ထိတ်တန်းဗိုလ်ချုပ်ကြီး Qasem Soleimani ကို အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့လေဆိပ်မှာ အမေရိကန်စစ်ဘက်က ဒရုန်းနဲ့တိုက်ခိုက်သုတ်သင်ခဲ့တာနဲ့ပတ်သက်ပြီး အီရန်အစိုးရက အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကို ဖမ်းဝရမ်းထုတ်လိုက်တယ်လို့ အခုလ(၂၉)ရက် CNN သတင်းမှာ ဖော်ပြထားပါတယ်။
ဒီသတ်ဖြတ်မှုနဲ့ပတ်သက်ပြီး သမ္မတထရမ့်အပါအဝင် နောက်ထပ် (၃၅)ဦးကို ဖမ်းဝရမ်းထုတ်လိုက်တာဖြစ်ပြီး၊ သူတို့ကို ဖမ်းဆီးဖို့အတွက် အင်တာပိုထံ အကူအညီလှမ်းတောင်းထားလို့ အီရန်အစိုးရရှေ့နေ Ali Alqasimehr က ပြောပါတယ်။
ဒါပေမဲ့ အင်တာပိုကတော့ အီရန်ရဲ့အကူအညီတောင်းခံမှုကို စဉ်းစားသွားမှာမဟုတ်ဘူးလို့ ပြောကြားထားပါတယ်။
အီရန်နိုင်ငံဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ်အဖွဲ့ကလည်း ဒီဖမ်းဝရမ်းဟာ စတန့်ထွင်တဲ့ ဝါဒဖြန့်မှုတစ်ခုသာဖြစ်ပြီး၊ ဘယ်သူမှ ဒါကို အလေးထားမှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။
သမ္မတထရမ့်ဟာ ဒီဖမ်းဝရမ်းစာရင်းရဲ့ ထိပ်ဆုံးနေရာမှာရှိနေပြီး၊ သူ့ရဲ့သမ္မတသက်တမ်းကုန်သွားတဲ့အခါမှာ သူ့ကိုဖမ်းဆီးကို ကြိုးပမ်းသွားမယ်လို့ အီရန်အစိုးရရှေ့နေက ဆက်လက်ပြောကြားသွားခဲ့ပါတယ်။
Ref ; One News Myanmar

0 comments:

Post a Comment