Monday, June 29, 2020

COVID-19 ဒုတိယလှိုင်းကို နောက်(၂)လအတွင်းတားဆီးနိုင်ဖို့ မျှော်လင့်ကြောင်း အတိုင်ပင်ခံပုဂ္ဂိုလ် သတင်းစကားပါး

COVID-19 ရောဂါပြန့်ပွါးမှုကို ကာကွယ်နိုင်ဖို့အတွက် (၂)ပတ်တစ်ကြိမ် အခြေအနေတွေကို သုံးသပ်ပြီး၊ ဆက်လက် ထိန်းသိမ်းထားရမယ့် စည်းမျဉ်းတွေ၊ ဖြေလျှော့သင့်တာတွေ၊ မြှင့်တင်သင့်တာတွေကို ဆုံးဖြတ်ရပါတယ်။ ယခုလကုန်မှာ မိမိနေအိမ်တွင်နေထိုင်ရေး(Stay at Home)အစီအစဉ်ကို မြို့နယ်တွေအားလုံး ဖြေလျှော့ပေးနိုင်ပါပြီ။
လူစုလူဝေးဖြစ်စေနိုင်မဲ့ကိစ္စများကိုတော့ ဆက်လက်ပိတ်ပင်ထားပါတယ်။ ရောဂါမပြန့်ပွါးစေဖို့ ထိရောက်စွာ ဆောင်ရွက်နိုင်မယ်ဆိုပါက၊ နောက် (၁)လ၊ (၂)လလောက်အတွင်းမှာ ဒုတိယအကြိမ် Covid လှိုင်းထခြင်းကို တားဆီးနိုင်မယ်လို့ မျှော်လင့်ရပါတယ်။ ရောဂါလက္ခဏာ လုံးလုံးမပြဘဲ ကူးစက်ခံနေရသူတွေ များတာကြောင့် အထူးသတိထားဖို့လိုပါတယ်။ စျေးများလို အခြားသူများနဲ့ အချိန်ခပ် ကြာကြာ ထိတွေ့နိုင်တဲ့နေရာတွေမှာ Mask တပ်ဖို့ အထူးအရေးကြီး ပါတယ်။ လက်ကို ခဏခဏ ဆေးဖို့လည်း မမေ့ပါနဲ့။ မပေ့ါဆပါနဲ့။
အိမ်မှာနေရတဲ့ကာလတွေအတွင်းမှာ on-line အရောင်းအဝယ်တွေ မြင့်မားလာတယ်လို့ သိရပါတယ်။ လူသားတွေရဲ့ အခြေအနေသစ် တွေရဲ့ လိုအပ်ချက်အရ ပြောင်းလဲနိုင်တာကို ပြတာပါပဲ။ အချို့ကိစ္စ တွေကတော့ ဘယ်တော့မှ မပြောင်းပါဘူး။ ပြောင်းသင့်တဲ့အခါ ပြောင်းဖို့လိုတာက ဘယ်တော့မှ မပြောင်းလဲနိုင်တဲ့ အရာပါ။ ကျွန်မတို့ပြည်သူတွေ ပြောင်းသင့်ရင် ပြောင်းနိုင်စွမ်းရှိကြပါစေ။
Crd : AungSanSuKyi'Fb #Myanmar_Online_News

0 comments:

Post a Comment