Monday, June 29, 2020

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ ရေပူစမ်းကျေးရွာ အနောက်မြောက်ဘက် မီတာ ၄၀၀၀ ခန့်အကွာတွင် မူးယစ်ဆေးဝါးနှင့် လက်နက်၊ ခဲယမ်းများ သိမ်းဆည်းရမိ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့နယ်၊ ရေပူစမ်းကျေးရွာအနီး၌လုံခြုံရေး ဆောင်ရွက် နေသော တပ်ဖွဲ့ဝင်များသည် ယနေ့နံနက် ၄ နာရီခွဲတွင် သတင်းအရ ရေပူစမ်းကျေးရွာ၏ အနောက်မြောက်ဘက်မီတာ ၄၀၀၀ ခန့်အကွာရှိ ဝါးရုံပင်အနီး ရှာဖွေစစ်ဆေးရာ မသင်္ကာ ဖွယ်ရာ မိုးကာပလပ်စတစ် အိတ်အစ အား တွေ့ရှိရသည်။
၎င်းနောက် ဆက်လက်တူးဖော် ရှာဖွေခဲ့ရာ မြေကြီးအတွင်း မြှုပ်နှံထားသော ဆာလာအိတ် အလုံး ၆၀ အတွင်းမှ WY စာတန်းပါ စိတ်ကြွ ဆေးပြား ၆၄၈၀၀၀၀ ပြားခန့်၊ စိတ်ကြွ ဆေးပြားအကြေ( ရေစိုပုံစံပျက်) ၁၁၄၈ ကီလိုဂရမ်ခန့် (မူးယစ်ဆေးဝါးများ ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၆ ဒသမ ၉ ဘီလီယံခန့်)၊ AK မောင်းပြန်ရိုင်ဖယ် ၁ လက်၊ ၎င်းကျည်အိမ် ၁ ခုနှင့် ၎င်းကျည် ၂၅ တောင့်၊ ပွိုင့်-၂၂ သေနတ် ၂ လက်၊ ၂ လုံးပြူး သေနတ် ၁ လက်၊ ၎င်းကျည် ၅ တောင့်၊ ၁ လုံးထိုး သေနတ် ၂ လက်တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
အဆိုပါသိမ်းဆည်းရမိ လက်နက်၊ခဲယမ်းများနှင့် မူးယစ်ဆေးဝါးများကို သက်ဆိုင်ရာသို့ စနစ်တကျ လွှဲပြောင်းအပ်နှံသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။
Source : တပ်မတော် #Myanmar_Online_News

0 comments:

Post a Comment