Tuesday, June 30, 2020

ရွှေပြည်သာမြို့နယ်တွင် ကလေးငယ်တစ်ဦး ဘောလုံးကစားနေစဉ် လဲကျသေဆုံး

ယနေ့ ညနေပိုင်း၌ ရွှေပြည်သာမြို့နယ် ဏ/၁၄ ရပ်ကွက်တွင် ရပ်ကွက်ဘောလုံးကွင်း၌ ဘောလုံးကစားနေသော လူငယ် မောင်ထူးထူးအောင် (၁၅) နှစ်သည် ရုတ်တရက် အမောဖောက် လဲကျသွားခဲ့ပါသည်။
အနီးရှိလူများက လဲကျသွားသောကလေးငယ်အား ရွှေပြည်သာဆေးရုံသို့ပို့ဆောင်ပေးခဲ့သော်လည်း လမ်း၌ သေဆုံးသွားခဲ့ပါသည်။
သေဆုံးသွားသောရုပ်အလောင်းအား ရဲဆေးစာများယူရန်အတွက် ရွှေပြည်သာဆေးရုံမှ အင်းစိန်ဆေးရုံသို့ Super Sunday လူမှုကူညီရေးအသင်းမှ ပို့ဆောင်ပေးခဲ့ပါသည်။
Super Sunday လူမှု့ကူညီရေးအသင်း-အင်းစိန်

0 comments:

Post a Comment