Monday, June 29, 2020

YBSကားများတွင် ယာဉ်စီးခပေးကတ်စနစ်(YPS)အား ဇူလိုင်၌ စတင်အသုံးပြုမည်ဖြစ်ကြောင်း သိရ

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် YBS ပုံသေယာဉ်စီးခနှုန်းထားကောက်ခံနေသည့် မြို့တွင်းယာဉ်လိုင်းများတွင် Yangon payment system YPS ယာဉ်စီးခပေးကတ်စနစ်အား ဇူလိုင်လ၌ စတင်အသုံးပြုမည်ဖြစ်ကြောင်း Yangon payment system YPSကတ်စနစ် လုပ်ကိုင်ခွင့်ရရှိထားည့် Asia Starmar Transport Intelligent ကုမ္ပဏီ ထံမှ ယနေ့ဇွန် ၂၉ ရက်တွင် သိရသည်။
YBS ယာဉ်လိုင်းများတွင် ယာဉ်စီးခပေးချေသည့် ကတ်စနစ် YPS (Yangon Payment System )စနစ်အား တပ်ဆင်အသုံးပြုနိုင်ရန် Asia Starmar Transport Intelligentကုမ္ပဏီက တင်ဒါအောင်မြင်ထားပြီး တာဝန်ယူဆောင်ရွက်လျက်ရှိရာ လက်ရှိတွင် YBS ယာဉ်အစီးရေ ၁၉၀ဝ ကျော်၌ စက်များတပ်ဆင်ထားပြီးဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုချက်ကိုစောင့်ဆိုင်းလျက်ရှိရာ ယင်းYBS ကတ်စနစ် မစတင်မီ ရက်ပိုင်းအလိုတွင် G&G စတိုးဆိုင်များ၌ ငွေဖြည့်ကတ်များစတင်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
" YBS ကားတွေမှာ ယာဉ်စီးခ ပေးချေတဲ့ YPS ကတ်စနစ်ကို ကားအစီး ၁၉၅၀ ကျော်မှာ စတင်ဖို့လုပ်နေပါပြီ။ သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရအဖွဲ့က ခွင့်ပြုမိန့်ကျတာနဲ့စတင်မှာပါ။ တိုင်းဒေသကြီးအစိုးအဖွဲ့က ဘယ်ယာဉ်လိုင်းကို အရင်စမယ်ဆိုတာတော့ မသိသေးပါဘူး။ကတ်စနစ်မစတင်ခင် ၁၀ ရက်လောက်အလို ငွေဖြည့်မယ့် ကတ်တွေကို G&G စတိုးဆိုင်တွေမှာ စတင်ရောင်းချပေးသွားမှာပါ။ လောလောဆယ်တော့ Flat နဲ့သွားတဲ့ ယာဉ်လိုင်းပေါင်း ၄၀ မှာ အရင်ဆုံး စတင်သွားမှာပါ။ နောက်မှ တစ်ခြားယာဉ်လိုင်းတွေမှာ ဖြည်းဖြည်းချင်း စတင်သွားမှာပါ"ဟု Asia Starmar Transport Intelligent ကုမ္ပဏီမှတာဝန်ရှိသူ ဒေါ်ရီရီခင်က ဇွန် ၂၉ ရက်တွင် မြန်မာတိုင်းမ်နေ့စဉ်သို့ပြောကြားသည်။
YBS ကားများရှေ့တွင် ယာဉ်စီးခပေးကတ်စနစ်အား ကားအတက်အဆင်း ၂ ကြိမ် ဖြတ်ရမည်ဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် ကတ်စနစ်အသုံးပြုမရသည့် ကားရှေ့တွင် စတေကာကပ်၍ အသုံးပြုမရကြောင်း အသိပေးထားမည်ဟု သိရသည်။
"ကတ်စနစ် ပျက်နေတာတို့ အသုံးပြုလို့မရဘူးဆိုရင် ကားရှေ့မှာ စတေကာကပ်ပြီး အသုံးပြုလို့မရကြောင်း အသိပေးထားမှာပါ။ ကတ်သုံးတဲ့သူတွေ အသုံးပြုရလွယ်ကူနိုင်အောင်လုပ်ထားပါတယ်။ကတ်က တစ်ခုခု Error ဖြစ်သွားရင် ၂ နာရီအတွင်း ပြင်ပေးမယ်လို့ ပြောထားပါတယ်။ ကားကသွားနေတဲ့ လမ်းမှာ စက်က Error ဖြစ်သွားရင်ခရီးသည်တွေက မသိမှာစိုးလို့ ကားရှေ့မှာအသိပေးထားမှာပါ။ယာဉ်စီးခပေးကတ်တစ်ကတ်ကို ဘယ်မှာဝယ်ဝယ် ကျပ် ၂၀ဝ၀ နဲ့ ဝယ်ယူရမှာပါ။ ငွေဖြည့်တာက ၁၀ဝ၀ ကနေ ၅သောင်းအထိ ငွေဖြည့်သွင်းလို့ရပါတယ် "ဟု Asia Starmar Transport Intelligent ကုမ္ပဏီမှ တာဝန်ရှိသူက ဆက်လက်ပြောကြားသည်။
Crd : Myanmar Times

0 comments:

Post a Comment