Tuesday, June 30, 2020

ကမ္ဘာ့ကပ်ရောဂါဖြစ်နိုင်သည့် ဝက်တုပ်ကွေးရောဂါတစ်မျိုးကို တရုတ်နိုင်ငံတွင် တွေ့ရှိ

ကမ္ဘာ့ကပ်ရောဂါဖြစ်လာနိုင်သည့်ဗိုင်းရပ်စ်ပိုးတစ်မျိုးကို တရုတ်နိုင်ငံတွင် သိပ္ပံပညာရှင်များ တွေ့ရှိဖော်ထုတ်ခဲ့သည်။
မကြာသေးခင်ကပေါ်ထွက်လာခြင်းဖြစ်ပြီး ဝက်များကသယ်ဆောင်သော်လည်း လူများထံကူးစက်နိုင်ကြောင်း သိရသည်။
ဗိုင်းရပ်စ်ပိုးဗီဇပြောင်းပြီး လူလူချင်းအလွယ်တကူကူးစက်နိုင်သည့်ကမ္ဘာ့ကပ်ရောဂါတစ်ခုဖြစ်ပွားလာမည်ကို သိပ္ပံပညာရှင်များစိုးရိမ်နေကြသည်။
ချက်ချင်းတွေ့ကြုံနိုင်သည့်ပြဿနာမဟုတ်သေးသော်လည်း လူများကိုကူးစက်နိုင်ချေမြင့်မားနိုင်သည့်အ ချက်အလက်များတွေ့နေရပြီး ဂရုတစိုက်စောင့်ကြည့်သင့်ကြောင်းလည်း အသိပေးသည်။
ဗိုင်းရပ်စ်အသစ်ဖြစ်သဖြင့် လူသားများတွင် ရောဂါခုခံနိုငျစှမျးအနညျးငယျ သို့မဟုတ် မရှိသည့်အနေအ ထားကြုံရနိုင်သည်။
နောက်ဆုံးဖြစ်ပွားသည့် ကမ္ဘာ့ကပ်ရောဂါ တုပ်ကွေးမှာ၂၀၀၉ ခုနှစ်က မက္ကဆီကိုနိုင်ငံတွင် စတင်ခဲ့ပြီးနှစ်စဉ် ဖြစ်ပွားလေ့ရှိသည့် တုပ်ကွေးရောဂါများနှင့် ဆင်တူသဖြင့် မူလမျှော်မှန်းထားသည်ထက် အထိအခိုက်နည်းခဲ့သည်။
Ref ; The Fifth Wave News

0 comments:

Post a Comment