Tuesday, June 30, 2020

တောင်ကုတ်မြို့တွင် AA အကြမ်းဖက်သောင်းကျန်းသူ(၄)ဦး မိုင်းထောင်နေစဉ် မိုင်းကွဲသေဆုံး

ရခိုင်ပြည်နယ် ၊ တောင်ကုတ်မြို့တွင် ဇွန်လ၊ ၂၉ ရက်နေ့ နံနက် (၁)နာရီ အချိန်ခန့်က AA အကြမ်းဖက်သောင်းကျန်းသူ (၄) ဦး မိုင်းထောင်နေစဉ် မိုင်းကွဲသေဆုံးသွားကြောင်း နယ်မြေခံလုံခြုံရေး တပ်ဖွဲများထံမှ သိရှိရသည်။
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ် တရဘကျေးရွာအုပ်စု တရဘရွာနှင့် ပေါက်ပြင်ကျေးရွာအုပ်စု သချီကုန်းကျေးရွာကြား၊ တောင်ကုတ်- မအီကားလမ်း မိုင်တိုင် အမှတ်၁၂/၄ဖာလုံအနီး လမ်း၏ ဘယ်ဘက်ခြမ်းတွင် AAအကြမ်းဖက်သကသများ မိုင်းထောင်နေစဉ် မိုင်းပေါက်ကွဲခဲ့ပြီး မိုင်းထောင်သူ (၄)ဦး နေရာတွင်ပင်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
“ ဖြစ်တာက ၁ နာရီမထိုးခင် ၁၅ မိနစ်လောက်မှာဖြစ်တာ၊ ဝုန်းဆိုပြီး အသံကြားတယ်၊ ညကမသွားကြည့်ရဲဘူး ဒီမနက်ရဲတွေနဲ့ တပ်တွေလာမှသိရတာ၊ မနေ့က တပ်ကယာဉ်တန်းတွေဝင်လာတာကို မအီဘက်သွားမယ်အထင်နဲ့ သွားထောင်ကြတာ၊ ရွာကသူတွေတောင် မနက်မိုင်းထောင်ပြီးတိုက်ဖို့ရှိတယ်၊ ဘယ်သူမှမလာနဲ့မှာထားတယ်၊ မမကွဲသေးတဲ့မိုင်းတွေနဲ့အတူ ၄ယောက်လုံး ပက်လက်လန်ပြီးသေနေတာလို့ ပြောသံကြားတယ် ”ဟု သချီကုန်းကျေးရွာသား တစ်ဦးမှ ပြောသည်။
ထိုသေဆုံးသွားသော AA အကြမ်းဖက်သောင်းကျန်းသူများအား ရှင်းလင်းပြီး ယနေ့နံနက်တွင် ကားလမ်းပြန်ဖွင့်ခဲ့ကြောင်း လက်ရှိအချိန်တွင် ကားများသွားလာနေကြပြီဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။
AA အကြမ်းဖက်သောင်းကျန်းသူများသည် တောင်ကုတ်မြို့နယ်အတွင်းရှိ အစိုးရပါတီဝင်များအား ဖမ်းဆီးသတ်ဖြတ်ခြိမ်းခြောက်ခြင်း၊ တပ်/ရဲ မိသားစုဝင်များအား အကြမ်းဖက်ဖမ်းဆီးခြင်း၊ ၎င်းတို့အား မထောက်ခံသည့် အရပ်သားများအား ဖမ်းဆီးသတ်ဖြတ်ခြိမ်းခြောက်ခြင်း၊ ကျေးရွာများတွင် ရွာသားယောင်ဆောင်၍ ခိုအောင်းကာ ဒေသခံများအား ဆက်ကြေးကောက်ခြင်း၊ လူသစ်အဖြစ်အတင်းအဓမ္မ ဖမ်းဆီးခြင်းများ ဆောင်ရွက်လျှက်ရှိသည်။
Ref ; May Yu Htar Nay

0 comments:

Post a Comment