Tuesday, June 30, 2020

ဘင်္ဂလားဒေ့ရှ်တွင် COVID-19 လူနာသစ်တွေ့ရှိမှု နေ့စဉ် စံချိန်သစ်ထပ်တွေ့

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်းက COVID-19 လူနာသစ် ၄၀၁၄ ဦးကို တွေ့ရှိခဲ့ပြီး၊ ကူးစက်ခံရသူစုစုပေါင်းမှာ ၁၄၁၈၀၁ ဦးခန့်ရှိသွားပြီဖြစ်ကြောင်းသိရသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ယခင် နေ့စဉ်တွေ့ရှိမှု အများဆုံးမှာ ၄၀၀၈ ဦးဖြစ်ပြီး၊ ဇွန်လ ၁၇ ရက်နေ့က စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်သည်။
”ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 လူနာသစ် ၄၀၁၄ ဦးကို စစ်ဆေးတွေ့ရှိခဲ့ပြီး၊ ၄၅ ဦးထပ်မံသေဆုံးခဲ့ပါတယ်”ဟု ကျန်းမာရေးဝန်ကြီးဌာနမှ အဆင့်မြင့်တာဝန်ရှိသူ နာဆီမာဆူလ်တန်တာက ယမန်နေ့ မွန်းလွဲပိုင်းကပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင်ပြောသည်။
ပြီးခဲ့သည့် ၂၄ နာရီအတွင်း နိုင်ငံတစ်ဝန်းရှိ ဓာတ်ခွဲခန်းများတွင် ဓာတ်ခွဲနမူနာ ၁၇၈၃၇ ကို စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သူကပြောသည်။
သက်သာပျောက်ကင်းသူ ၂၀၅၃ ဦးရှိသဖြင့် စုစုပေါင်း သက်သာပျောက်ကင်းသူ ၅၇၇၈၀ ဦးရှိလာပြီဖြစ်သည်။
Source - Popular

0 comments:

Post a Comment