Monday, June 1, 2020

ခိုလမ်မြို့နယ်၌ တရားမဝင်သစ် ကျွန်းသစ်ခွဲသားဆိုဒ်စုံ ၁၅ တန်ခန့် တင်ဆောင်ထားသည့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ခိုလမ်- ကွန်ဟိန်းသွား ပြည်ထောင်စုကားလမ်းမပေါ်၌ သတင်းအရ ယာဉ်ဖြတ်သန်းသွားလာမှုများအား စစ်ဆေးစဉ် ယနေ့နေ့လယ် ၁၁ နာရီခန့်တွင် ခိုလမ်မြို့ ၏ အရှေ့မြောက်ဘက် မီတာ ၆၅၀၀ ခန့်အကွာနှင့် အနီးဝန်းကျင်တစ်ဝိုက်၌ မသင်္ကာဖွယ် ရပ်တန့်ထားသော စူပါကာစတန်အမျိုးအစားမော်တော်ယာဉ် ၁၃ စီးအား စစ်ဆေးရာ ယာဉ်မောင်းဖြစ်သူ ဆီဝမ်း(ဘ)ဦးချိန်ရောင်တုံးကို တွေ့ရှိရပြီး ကျန်ယာဉ်မောင်းများမှာ ထွက်ပြေးသွားခဲ့သဖြင့် မော်တော်ယာဉ်များကို စစ်ဆေးရာ လိုင်စင်မဲ့ယာဉ်များဖြစ်ပြီး ၎င်းယာဉ်များပေါ်မှ ကျွန်းသစ်ခွဲသားဆိုဒ်စုံ ၁၅ တန်ခန့်ကို တွေ့ရှိဖမ်းဆီးရမိခဲ့သည်။
အဆိုပါ ဖမ်းဆီးရမိသူ၊ မော်တော်ယာဉ်များနှင့် သစ်များကို ခိုလမ်မြို့နယ်၊ သစ်တောဦးစီးဌာနနှင့် မြို့နယ်ရဲစခန်းသို့ စနစ်တကျလွှဲပြောင်းအပ်နှံခဲ့ကြောင်း တပ်မတော်မှ သတင်းထုတ်ပြန်ချက်အရ သိရသည်။
crd-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး #Myanmar_Online_News
>>zawgyi<<

0 comments:

Post a Comment