အမေရိကန်တွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း COVID-19 အတည်ပြုမှုအသစ် ၅သောင်းနီးပါး(၄၇၀၉၃)ကို စစ်ဆေးတွေ့ရှိခဲ့သဖြင့် COVID-19 ကပ်ရောဂါ ဖြစ်စဉ်ကာလတလျှောက်လုံးတွင် တစ်ရက်အတွင်း လူနာသစ်တွေ့ရှိမှု စံချိန်တင်ခဲ့သည်။
ထို့အတူပင်လျှင် အိန္ဒိယနိုင်ငံတွင်လည်း ပြီးခဲ့သည့် ၂၄ နာရီအတွင်း COVID-19 အတည်ပြုမှုအသစ် ၁၈၂၇၆ ကို စစ်ဆေးတွေ့ရှိခဲ့သဖြင့် COVID-19 ကပ်ရောဂါ ဖြစ်စဉ်ကာလတလျှောက်လုံးတွင် တစ်ရက်အတွင်း လူနာသစ်တွေ့ရှိမှု စံချိန်တင်ခဲ့ပြန်သည်။
အမေရိကန်တွင် ယခင်က တစ်ရက်တာအတွင်း လူနာသစ်တွေ့ရှိမှုအများဆုံးစံချိန်မှာ ဧပြီ ၂၄ ရက်နေ့တစ်ရက်ထဲတွင် ၃၉၁၁၆ ဦးတွေ့ရှိခဲ့ခြင်းဖြစ်ပြီး၊ အိန္ဒိယတွင် ယခင်က တစ်ရက်တာအတွင်း လူနာသစ်တွေ့ရှိမှုအများဆုံးစံချိန်မှာမူ ဇွန်လ ၂၅ ရက်နေ့တစ်ရက်ထဲတွင် ၁၈၁၈၅ ဦးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
အမေရိကန်တွင် လက်ရှိ စစ်ဆေးတွေ့ရှိပြီး အချက်အလက်များအရ COVID-19 ကူးစက်ခြင်းခံရသူ စုစုပေါင်း ၂သန်းခွဲကျော်(၂၅၅၂၇၀၈)ဦးရှိပြီဖြစ်ပြီး သေဆုံးသူ ၁၂၇၆၃၄ ဦးရှိကာ၊ သက်သာပျောက်ကင်းသူ ၁၀၆၅၅၁၆ ဦးရှိသည်။ သို့ရာတွင် အမေရိကန်ပြည်ထောင်စု ရောဂါဘယကာကွယ်ထိန်းချုပ်ရေးဌာနကမူ ရရှိထားသည့် အချက်အလက်များကို ကိုးကား၍ အမေရိကန်ပြည်သူ သန်း ၂၀ ခန့်တို့သည် COVID-19 ကူးစက်ခြင်း ခံနေရဖွယ်ရှိကြောင်း ပြောကြားသည်။ Black Lives Matter ဆန္ဒပြမှုများဖြစ်ပွားခဲ့ပြီးနောက်ဝယ် ကူးစက်ခံရမှုနှုန်း မြင့်မားလာကြောင်းသိရသည်။
အိန္ဒိယတွင်မူ COVID-19 ကူးစက်ခြင်းခံရသူ စုစုပေါင်း ၅၀၉၄၄၆ ဦးရှိပြီဖြစ်ကာ၊ သေဆုံးသူ ၁၅၆၈၉ ဦးနှင့် သက်သာပျောက်ကင်းသူ ၂၉၅၉၁၇ ဦးရှိသည်။
Source: BBC
Ref: US hits record high in daily cases
0 comments:
Post a Comment