ရုရှားနိုင်ငံ မိုလ်ဘိုင်း ဆက်သွယ်ရေးစနစ် ကုမ္ပဏီ (MTS) က ဇူလိုင် ၂၈ ရက် မှာ ၎င်းတို့ ကုမ္ပဏီဟာ ရုရှားမှာ ပထမဆုံး 5G လုပ်ငန်းလိုင်စင်ရရှိခဲ့တဲ့ကုမ္ပဏီ ဖြစ်တယ်လို့ ထုတ်ပြန်ကြေညာခဲ့ကြောင်း ဆင်ဟွာသတင်းက ဖော်ပြပါတယ်။
ယင်းထုတ်ပြန် ကြေညာချက်မှာ လုပ်ငန်းလိုင်စင်ကို ရုရှားဖက်ဒရယ်ဆက်သွယ်ရေး၊ ဆက်သွယ်ရေးနည်းပညာနဲ့ အများပြည်သူ့မီဒီယာကြီးကြပ်မှုဌာနမှ ထုတ်ဝေပေးခဲ့တာဖြစ်ပြီး MTS ကုမ္ပဏီ အနေနဲ့ ၂၀၂၅ ခုနှစ် ဇူလိုင်လအထိ ရုရှား နိုင်ငံ အတွင်း ဒေသ ၈၃ ခုမှာ 5G ကွန်ရက် စတင် လုပ်ကိုင်နိုင်တော့မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိအချိန်မှာ ကုမ္ပဏီအနေနဲ့ 5G ကွန်ရက် စမ်းသပ်မှုတွေကို အမြန်ဆုံး ဆောင်ရွက်နေပြီး မကြာမီမှာ လုပ်ငန်း ကုမ္ပဏီ တွေ အတွက် 5G ဆက်သွယ် ရေး ဝန်ဆောင်မှုကို ပေးအပ်သွားမှာ ဖြစ်တယ်လို့ သတင်းမှာ ဖော်ပြထားပါ တယ်။
MTS ကုမ္ပဏီ ဥက္ကဋ္ဌက ၎င်းတို့ ကုမ္ပဏီက ထောက်ပံ့ပေးတဲ့ 5G ဆက်သွယ်ရေး လိုင်းဟာ လုပ်ငန်းကုမ္ပဏီတွေ အတွက် AI နည်းပညာ အသုံးပြုနိုင်ဖို့ အထောက် အကူ ဖြစ်စေမှာဖြစ်ပြီး ကုန်စည် ဆက်သွယ်ရေး ကွန်ရက်နဲ့ စက်မှု လုပ်ငန်း အလို အလျာက် လည်ပတ်မှု စတဲ့ နည်းပညာသစ်တွေ အတွက် အထောက်အကူ ဖြစ်စေမှာလို့ ပြောကြားပါ တယ်။
၎င်းက ဆက်လက်ပြီး လုပ်ငန်းကုမ္ပဏီတွေရဲ့ ကုန်ထုတ်လုပ်မှုကို ထိရောက်စွာ မြှင့်တင်ပေးနိုင်မှာ ဖြစ်သလို 5G နည်းပညာ ဟာ ရုရှားနိုင်ငံမှာ ပိုမို တွင်ကျယ် စွာ အသုံးပြုလာကြမှာဖြစ်ပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ အတွက် တွန်းအား ပေးနိုင်မှာ ဖြစ်တယ်လို့ ပြောကြား ခဲ့ပါတယ်။
ရုရှား အစိုးရက ထုတ်ပြန်ခဲ့တဲ့ စာရင်း အချက်အလက်တွေအရ ၂၀၂၄ ခုနှစ် မတိုင်မီ ရုရှားနိုင်ငံမှာ လူပေါင်း ၁ သန်း အထက် ရှိတဲ့ မြို့ကြီးတိုင်း မှာ 5G ကွန်ရက် အသုံးပြုနိုင်ဖို့ ဆောင်ရွက်ပေးသွားမှ ဖြစ်တယ်လို့ လည်း သိရပါတယ်။
Ref ; ရွှေတြိဂံဒေသသတင်းလွှာ
0 comments:
Post a Comment