အိန္ဒိယနိုင်ငံမြောက်ပိုင်း ပန်ဂျပ်ပြည်နယ်မှာ တရားမဝင် အရက်သောက်တာကြောင့် လူပေါင်း အနည်းဆုံး ၈၆ ဦးအထိ သေဆုံးအပြီး ပြီးခဲ့တဲ့အပတ်ထဲက စစ်ဆေးမှုတွေ လုပ်ခဲ့ရာမှာ မနေ့ကတော့ ဒီ တရားမဝင် အရက်ချက်နေရာပေါင်း ၃၀ ကျော်ကို ဝင်စီးကာ၊ ခုလို ဖမ်းဆီးခဲ့တာလို့ အိန္ဒိယအရာရှိတဦးက ဆိုပါတယ်။
ဒါ့အပြင် ရဲ ၆ ဦးနဲ့ အခြားအရာရှိ ၇ ဦးကိုလည်း ဒီ အဆိပ်ဖြစ်စေတဲ့ အရက်တွေရောင်းချမှု မတားမြစ်နိုင်ခဲ့တဲ့အပေါ် တာဝန်က ရပ်ဆိုင်းထားလိုက်ပြီး တရားရေးဘက်က စစ်ဆေးမှုတွေကိုလည်း ခရိုင် ၃ ခုမှာ လုပ်ဆောင်နေပါတယ်။
အိန္ဒိယနိုင်ငံမှာ ဆင်းရဲသားတွေအနေနဲ့ တရားဝင်လိုင်စင်ရ အစိုးရဆိုင်တွေက အရက်က ဈေးကြီးတာမို့ ဈေးသက်သာတဲ့ ခုလို ဒေသခံတွေချက်တဲ့ တရားမဝင် အရက်တွေကို သောက်သုံးလေ့ရှိပါတယ်။ ခုလို နိုင်ငံမြောက်ပိုင်းမှာမဖြစ်ခင် သောကြာနေ့တုန်းကပဲ နိုင်ငံတောင်ပိုင်းက Andhra Pradesh ပြည်နယ်မှာလည်း ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ Lockdownd ချ အသွားအလာ ကန့်သတ်ထားပြီး အရက်ရောင်းချမှု ကန့်သတ်ထားချိန်မှာ လူ ၅ ဦးဟာ အရက်ပျံပါတဲ့ လက်ဆေးရည် (Hand Gel) သောက်ပြီး သေဆုံးခဲ့ပါသေးတယ်။
မနှစ်တုန်းကတော့ အိန္ဒိယနိုင်ငံ အနောက်မြောက်ပိုင်း အာသံပြည်နယ်မှာ ခုလို အဆိပ်ဖြစ်စေတဲ့ အရက်သောက်သုံးမှု ၂ ကြိမ်ထဲ လူပေါင်း အနည်းဆုံး ၁၃၃ ဦး သေဆုံးခဲ့ရပါတယ်။
crd-VOA #Myanmar_Online_News
>>Zawgyi<<
အိန္ဒိယမှာ တရားဝင်လိုင်စင်ရ အစိုးရဆိုင်တွေရဲ့ အရက်က စျေးကြီး၍ အရက်ပုန်းသောက်ပြီး လူ ၉၀ နီးပါး သေဆုံး၊ လူ ၂ ဒါဇင်ကျော် ဖမ်းဆီးထား
Monday, August 3, 2020
အိန္ဒိယနိုင်ငံမြောက်ပိုင်း ပန်ဂျပ်ပြည်နယ်မှာ တရားမဝင် အရက်သောက်တာကြောင့် လူပေါင်း အနည်းဆုံး ၈၆ ဦးအထိ သေဆုံးအပြီး ပြီးခဲ့တဲ့အပတ်ထဲက စစ်ဆေးမှုတွေ လုပ်ခဲ့ရာမှာ မနေ့ကတော့ ဒီ တရားမဝင် အရက်ချက်နေရာပေါင်း ၃၀ ကျော်ကို ဝင်စီးကာ၊ ခုလို ဖမ်းဆီးခဲ့တာလို့ အိန္ဒိယအရာရှိတဦးက ဆိုပါတယ်။
ဒါ့အပြင် ရဲ ၆ ဦးနဲ့ အခြားအရာရှိ ၇ ဦးကိုလည်း ဒီ အဆိပ်ဖြစ်စေတဲ့ အရက်တွေရောင်းချမှု မတားမြစ်နိုင်ခဲ့တဲ့အပေါ် တာဝန်က ရပ်ဆိုင်းထားလိုက်ပြီး တရားရေးဘက်က စစ်ဆေးမှုတွေကိုလည်း ခရိုင် ၃ ခုမှာ လုပ်ဆောင်နေပါတယ်။
အိန္ဒိယနိုင်ငံမှာ ဆင်းရဲသားတွေအနေနဲ့ တရားဝင်လိုင်စင်ရ အစိုးရဆိုင်တွေက အရက်က စျေးကြီးတာမို့ စျေးသက်သာတဲ့ ခုလို ဒေသခံတွေချက်တဲ့ တရားမဝင် အရက်တွေကို သောက်သုံးလေ့ရှိပါတယ်။ ခုလို နိုင်ငံမြောက်ပိုင်းမှာမဖြစ်ခင် သောကြာနေ့တုန်းကပဲ နိုင်ငံတောင်ပိုင်းက Andhra Pradesh ပြည်နယ်မှာလည်း ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ Lockdownd ချ အသွားအလာ ကန့်သတ်ထားပြီး အရက်ရောင်းချမှု ကန့်သတ်ထားချိန်မှာ လူ ၅ ဦးဟာ အရက်ပျံပါတဲ့ လက်ဆေးရည် (Hand Gel) သောက်ပြီး သေဆုံးခဲ့ပါသေးတယ်။
မနှစ်တုန်းကတော့ အိန္ဒိယနိုင်ငံ အနောက်မြောက်ပိုင်း အာသံပြည်နယ်မှာ ခုလို အဆိပ်ဖြစ်စေတဲ့ အရက်သောက်သုံးမှု ၂ ကြိမ်ထဲ လူပေါင်း အနည်းဆုံး ၁၃၃ ဦး သေဆုံးခဲ့ရပါတယ်။
crd-VOA #Myanmar_Online_News
0 comments:
Post a Comment