Sunday, August 2, 2020

မော်တော်ယာဉ်တင်သွင်းမှုအကောက်ခွန်ဖြေလျှော့သော်လည်း ကားဈေးမကျနိုင်

မော်တော်ယာဉ်တင်သွင်းမှုတွေအတွက် ဩဂုတ်လ(၁)ရက်ကစလို့ အကောက်ခွန်ဖြေလျော့ခွင့်ပြု ခဲ့ပေမယ့် ပြည်တွင်းကားဈေးကွက်ကျဆင်းလာဖို့မရှိဘူးလို့ မြန်မာနိုင်ငံတစ်နိုင်တစ်ပိုင်ယာဉ်ရောင်း ဝယ်ရေးအသင်း ဥက္ကဋ္ဌဦးငွေဇံက ဩဂုတ်လ(၂)ရက်မှာပြောပါတယ်။
အကောက်ခွန်ဖြေလျော့မှုနဲ့ ပြည်တွင်းကားဈေးကွက်အခြေအနေကို ဦးငွေဇံက အခုလိုပြောပါ တယ်။
"ဒီဟာကသိပ်အများကြီးတော့မထိခိုက်ပါဘူး။ သူကလျှော့တာကCIFဈေးပဲလျှော့တာလေ။ က.ည.နအခွန်တွေဘာတွေလြှော့တာတော့မဟုတျဘူးလေ။နောက်ပြီးတော့ SKD တွင်သာ သုညရာခိုင်နှုန်းဖြစ်သွားတာလေ။ အဲ့ဒါကို ဈေးက မြင့်တယ်ပဲထင်နေကြတာ။ ဒီဈေးကွက်ကားတွေကတော့ သိပ်ပြီးတော့ ချမရောင်းကြဘူး" လို့ ဦးငွေဇံက ဆိုသည်။
စီမံကိန်း၊ ဘဏ္ဍာရေးနဲ့စက်မှုဝန်ကြီးဌာနရဲ့ အမိန့်ကြေညာစာအရ လူစီးမော်တော်ယာဉ်တွေအတွက် အင်ဂျင်ပါဝါ 2000 CC နဲ့အောက်ကို လက်ရှိအကောက်ခွန်နှုန်း (၃၀)ရာခိုင်နှုန်းကနေ(၂၀)ရာခိုင်နှုန်း၊ အင်ဂျင်ပါဝါ 2001 CC နဲ့ အထက်ကို အကောက်ခွန်နှုန်း (၄၀)ရာခိုင်နှုန်းကနေ(၃၀)ရာခိုင်နှုန်းကို ဖြေလျှော့ပေးလိုက်တာပါ။
ဒါ့အပြင် SKD စနစ်နဲ့ တင်သွင်းတဲ့ မော်တော်ယာဉ်တွေအတွက် အင်ဂျင်ပါဝါ 2000 CC နဲ့ အောက်ကို လက်ရှိ အကောက်ခွန်နှုန်း (၁၀)ရာခိုင်နှုန်းကနေ သုညရာခိုင်နှုန်း၊ အင်ဂျင်ပါဝါ 2001 CCနဲ့ အထက်ကို အကောက်ခွန်နှုန်း (၂၀)ရာခိုင်နှုန်းကနေ (၅)ရာခိုင်နှုန်းကို ဖြေလျှော့ခွင့်ပြုလိုက် တာဖြစ်ပါတယ်။

0 comments:

Post a Comment