Sunday, August 2, 2020

အိန္ဒိယနိုင်ငံ ပြည်ထဲရေးဝန်ကြီး COVID-19 ကူးစက်ခံရ

အိန္ဒိယနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အမစ်ရှား(Amit Shah)တွင် COVID-19 စစ်ဆေးတွေ့ရှိကြောင်း သူက ယနေ့ အတည်ပြုပြောကြားသည်။
ရှားက သူ၏ တွစ်တာအကောင့်တွင် ရေးသားထားခြင်းဖြစ်ပြီး၊ ယခု ဆေးရုံတွင် ကုသမှုခံယူနေကာ ဆရာဝန်များ၏ ညွှန်ကြားချက်ကို လိုက်နာဆောင်ရွက်လျှက်ရှိပြီး ကျန်းမာရေးအခြေအနေကောင်းမွန်ကြောင်းကိုလည်း ရေးသားထားသည်။ သူနှင့် နီးနီးကပ်ကပ်ထိတွေ့ခဲ့သူများကိုလည်း သီးသန့်ခွဲ၍နေထိုင်ရန်နှင့် ဗိုင်းရပ်စ်စစ်ဆေးကြရန်ကိုပါ တိုက်တွန်းထားသည်။
အိန္ဒိယနိုင်ငံသည် ကမ္ဘာတစ်ဝန်းတွင် COVID-19 ကူးစက်ခံရမှု တတိယအများဆုံး နိုင်ငံဖြစ်ပြီး ၊ လက်ရှိအချိိန်ထိ သိရသော အချက်အလက်အရ COVID-19 ကူးစက်ခံရသူ စုစုပေါင်း ၁၇ သိန်းခွဲကျော်(၁,၇၅၇,၃၉၃ ဦး)ရှိပြီဖြစ်ပြီး၊ သေဆုံးသူ ၃၇,၄၅၂ ဦးရှိကာ ၁,၁၄၉,၄၆၀ ဦး သက်သာပျောက်ကင်းပြီ ဖြစ်ကြောင်း သိရှိရသည်။
Ref ; Popular

0 comments:

Post a Comment