Sunday, August 2, 2020

ဘုရားများ ပိတ်ထားသည့် ကာလအတွင်း ပုဂံတွင် ပလတ်စတစ် အမှိုက်ကောက်

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှု နယ်မြေတွင် ဘုရားများ ပိတ်ထားသည့် ကာလအတွင်း ပလတ်စတစ် အမှိုက်ကောက်၊အမှိုက်သိမ်းခြင်းကို ယနေ့ (သြဂုတ်လ ၂ ရက်) တွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ပုဂံပလတ်စတစ်ကမ်ပိန်းအဖွဲ့နှင့်အတူ ညောင်ဦးမြို့နယ် အခြေစိုက် အဖွဲ့အသီးသီမှ ပူးပေါင်းပါဝင်ကာ ပလတ်စတစ် အမှိုက်ကောက်ခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်ကြောင်းသိရသည်။
အမှိုက်ကောက်ရာတွင် ညောင်ဦးခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ပုဂံ-ညောင်ဦး ဧည့်လမ်းညွှန် အသင်းမှ အဖွဲ့များ၊ ညောင်ဦးမြို့ သံတဲဟိုတယ်အဖွဲ့၊ ခေတ်သစ်မောင်မာင်မယ် အ ဖွဲ့၊ Balloons Over Bagan အဖွဲ့သားများ၊ ထွန်းဖောင်ဒေးရှင်းဘဏ်ဝန်ထမ်းများ၊ မိခင်နှင့်မှအဖွဲ့များ၊ ကိုဖိုးသူ၊ မခင်ထက်နေတေဇာမောင်နှင့် အဖွဲ့များပူးပေါင်းကာ ပုဂံမြို့သစ်စိမ်းညက် ညီအမဘုရားမှစတင်ကာ လမ်းဘေးဝဲယာ ပလတ်စတစ်အမှိုက်များ၊ ဖော့ဘူးခွံများ၊ ကောက်ယူကာ ကုမုဒြာဟိုတယ်သွားရာလမ်းနှင့် ဘေးဘက်ကွင်းပြင်ရှိ ပလတ်စတစ်အမှိုက်များ လိုက်လံ ကောက်ယူရှင်းလင်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ထိုသို့ အမှိုက်ကောက်ခြင်းကို ပုဂံ ပလတ်စတစ် ကမ်ပိန်း အဖွဲ့က ပုံမှန်ဆောင်ရွက်ကြခြင်း ဖြစ်ကြောင်းလည်း သိရသည်။
Ref ; Pyi Myanmar

0 comments:

Post a Comment