Sunday, August 2, 2020

မြစ်ဆုံဒေသအနီး KIA မှ ဖမ်းဆီးခေါ်ဆောင်သွားသည့် အရပ်သား ၁၇ဦး အနက် တစ်ဦး ပြန်လွတ်ပေး

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ မြစ်ဆုံဒေသအနီးတွင် ဇူလိုင်လ ၁၉ ရက်နေ့ က KIA လက်နက်ကိုင် အဖွဲ့က ဖမ်းဆီး ခေါ်ဆောင်သွားသည့် အရပ်သား (၁၇)အနက် တစ်ဦး ပြန်လွတ်ပေးလိုက်ပြီ ဖြစ်ကြောင်း မြစ်ကြီးနားမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှုးရုံးမှ သိရသည်။
''လွန်ခဲ့တဲ့ရက်က လွတ်ပေးလိုက်တာ။ အာလမ်၊ အူဗစ်က ရွာသားပဲ အမျိုးသားဟုတ်တယ်။ ကျန်းမာရေးမကောင်းလို့လွတ်ပေးလိုက်တာလို့ သိရတယ်။'' ဟု မြစ်ကြီးနားမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းကပြေ ာသည်။
ကျန်ရှိသည့် (၁၆)ဦးအား ပြန်လွတ်ပေးရန်တွက် ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ ( PCG)နှင့် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်နေကြောင်းကိုလည်း ဦးသန်းဝင်းက ဆိုသည်။ ''ကျန်နေတဲ့ လူတွေနဲ့တော့ ကျွန်တော်တို့က အချိတ်အဆက်မရသေးဘူး။ ကျွန်တော်တို့ဘက်ကတော့ PCG နဲ့ တော့ ချိတ်ထားတယ်''ဟု ၎င်းက ပြော သည်။
ယင်းလူငယ်များမှာ ဇူလိုင် ၁၉ရက်နေ့ မွန်းလွဲ (၂)နာရီခွဲ အချိန်ခန့်က မြစ်ဆုံဒေသရှိ ရှန်ဂရီလာခြံ (ဒေသအခေါ် ခြောက်ထပ် ရေတံခွန်) အနီးတွင် ပျော်ပွဲစားထွက်လာစဉ် ၎င်းတို့စီးနင်းလာသည့် ဆိုင်ကယ်ပေါ်မှ ဆင်းခိုင်းပြီး သေနတ်ဖြင့် ချိန်းခြောက်ကာ ခေါ်ဆောင်သွားကြောင်း အာလမ် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမုန်ရာထံမှ သိရသည်။
ဖမ်းဆီးခံရသည့် လူငယ်များမှာ အူဗစ်ကျေးရွာ၊ မန်ခိန်ရပ်ကွက်၊ စီတာပူရပ်ကွက်၊ အင်ဂျန်ဒုံ၊ ကျွန်းပင်သာ၊ လွယ်ခေါ ကျေးရွာများမှ ဖြစ်ပြီး လူငယ် အမျိုးသား (၁၂)ဦး၊ အမျိုးသမီး (၅)ဦး စုစုပေါင်း ၁၇ဦး ဖြစ် ကြောင်း အာလမ်ကျေးရွာ အုပ်ချုပ်ထံမှ သိရသည်။
Ref ; People Media

0 comments:

Post a Comment